ကလေးဘဝထဲက ပေါင်းသင်းခဲ့တဲ့ ငယ်သူငယ်ချင်း(၅)ယောက်ရှိတယ်…
ပေါက်ဖွားခဲ့တဲ့ မိသားစု၊အခြေအနေတွေမတူခဲ့ပေမယ့် သူတို့ဟာ သိပ်ကိုခင်ကြတယ်..ဒီလိုနဲ့အရွယ်ရောက်လာတော့ တစ်ချို့လည်းအိမ်ထောင်ကျ တစ်ချို့လည်း တစ်ကိုယ်ထဲသမားတွေဖြစ်လို့နေတယ်…
တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ပြောင်းအိမ်သစ်တက်ပွဲဆိုပြီး ညစာ စားပွဲလုပ်တော့အားလုံးစုဆုံကြတယ်….
အလုပ်ကိုယ်စီ မိသားစုကိုယ်စီဖြစ်တော့ ဆုံတောင်ဆုံခဲအခြေအနေမှာဒီလို အိမ်သစ်တက်ပွဲလေးမှာ သူငယ်ချင်းတွေပြန်ဆုံတွေ့တာတကယ့်ကိုပျော်စရာပါ..
ပြောမနာဆိုမနာနဲ့ သူတို့မိန်းမတွေရည်းစားတွေကလည်း အကုန်လုံးနဲ့ရင်းနှီးနေတော့တွေ့ဆုံပွဲလေးဟာ တကယ့်ကို စိုစိုပြေပြေနဲ့ ပျော်ရွှင်စရာပဲ….
ဒါပေမယ့် အမျိုးသမီးတစ်ယောက်က စပြီး Game လေးတစ်ခုဆော့ကြရအောင်ဆိုပြီးပြောတယ်..
ဒီကစားတဲ့ Game ဟာ ဇာတ်ကားတစ်ကားလုံးရဲ့အသက်လို့ပြောလို့ရသလို တကယ့်ကို လူ့သဘော လူ့မနောအချို့ကို ပညာသားပါပါချပြလိုက်သလိုပါပဲ..
အဲ့ဒီဂိမ်းကတော့ ထမင်းစားသောက်နေစဉ်မှာ ဖုန်းတွေကို ထမင်းဝိုင်းအလယ်မှာချထားရမယ်..
Message တွေ Email တွေ ကို အဲ့အချိန်လာသမျှ အကုန်ဖွင့်ဖတ်ရမယ့်အပြင် လာတဲ့ဖုန်းတိုင်းကိုလည်း Speaker ဖွင့်ပြီးပြောရမယ်တဲ့…
တကယ့် သဲထိတ်ရင်ဖို ဇာတ်ကားတွေထက်တောင် စိတ်လှုပ်ရှားစရာကောင်းပါတယ်..
ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..စကားမစပ် ခင်ဗျားတို့ဆိုရင်ရော အဲ့လိုဆော့ရဲလား…Crd: Channel Myanmar
Related