ရွာတစ်ရွာမှာ ကျွဲသားတွေပေါ်ပြီး ရောင်းတဲ့ဆိုင်ဆိုလို့ တစ်ဆိုင်ပဲရှိတယ် သူတို့ဆီမှာက ကျွဲသားဆိုတာအထင်ကရဟင်းလျာတစ်ခုလို ပီလောပီနံနဲ့တွဲဖက်ပြီး ချက်ပြုတ်ကြတယ်….
ကျွဲကိုပေါ်ရောင်းပြီးဆိုတာနဲ့ ရွာသားအားလုံးက အလုအယက်ဝယ်ကြတာပေါ့….
တစ်နေ့မှာ ကျွဲတစ်ကောင်ကိုပေါ်မလို့ လုပ်နေတုန်း အဲ့ကျွဲဟာ ကစုန်ပေါက်ပြီး လွတ်ထွက်သွားတယ်….
လွတ်သွားတဲ့ ကျွဲဟာ အရိုင်းဆန်လွန်းတဲ့အပြင် သန်မာလွန်းအားကြီးတယ်….အဲ့ဒါမှ တကယ့် ရွာပျက်တယ်ခေါ်တာ…
ဘယ်လိုတွေရွာပျက်ကြလဲဆိုတာတော့ ခံစားကြည့်ကြပါကုန်…
ဒီ အိန္ဒိယကားကတော့ ရွာဓလေ့တွေကို ပြသထားသလို ရွာသားတွေစုပေါင်းပြီး အန္တရာယ်ကိုဖြေရှင်းပုံတွေကို အကောင်းမွန်ဆုံးရိုက်ပြထားတာပါ..
ဇာတ်ကားအစကနေ အဆုံးထိ ဆွဲဆောင်မှုရှိပါတယ်… အိန္ဒိယကားကောင်းတွေ မျှော်လင့်နေတဲ့သူတွေအဖို့ IMDb..8.5 တောင်ရရှိထားလို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ…Crd: Channel Myanmar
Related