IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။
ဒီဇာတ်ကားကို Poster စကြည့်ခဲ့တုန်းက သာမန်စစ်ကားလောက်ပဲထင်ခဲ့မိတာ။ စဖွင့်ကတည်းကစပြီးတော့ကို action
ဆန်ဆန်ရိုက်ကူးမှုတွေနဲ့စထားခဲ့ပြီး ဇာတ်လမ်းကို ဇာတ်ရှိန်စမြှင့်ပေးတယ်။ ဖြစ်စဉ်က အဆင့် ၇ ရှိ ဆာဂျင်ဒေ့တောရစ်
သူက မြောက်ကယ်ရိုလိုင်းနား လီဂျူးနီ အခြေစိုက်စခန်းရဲ့ဒုတိယရေတပ်တပ်ရင်း M-SOIT အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။
သူဦးဆောင်တဲ့ အဖွဲ့က အစ္စရေးကိုစေလွတ်ပြီး ပူးပေါင်းလေ့ကျင့်စစ်ဆင်ရေးကိုပါဝင်ရပါတယ်။
သွားတာတော့ လေ့ကျင့်ရေးအတွက်ပေမယ့် အစ္စရေးလေတပ်က လေယာဥ်မောင်းလေ့ကျင့်ရင်း စီးရီးယားဘက်ကနေ
ဒုံးနဲ့ချောင်းမြောင်းပစ်ခတ်ချင်းကိုခံရပါတယ်။ အရှေ့ဘက် လေယာဥ်မောင်းက တစ်ခါတည်းသေဆုံးပြီး
အနောက်ဘက်ကထိုင်တဲ့ မေဂျာဂျက်ဆင်ကတော့ လေယာဥ်ထဲကနေ အရေးပေါ်ခလုတ်နှိပ်ပြီးထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း
စီးရီးယားအကြမ်းဖက် အရှာဘတ်ကလိုက်လံရှာဖွေဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ဒါကို တောရစ်တို့အဖွဲ့နဲ့အစ္စရေး စစ်တပ်က
အဖွဲ့တို့ပူးပေါင်းကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကယ်ဆယ်ရေးဖြစ်စဥ်ကိုကြည့်ရှုရတာဟာ တကယ့်ကိုစိတ်ဝင်စားစရာဖြစ်ပြီး
ကျွန်တော်ထုတ်မပြောခဲ့တဲ့ စိတ်ဝင်စားစရာအပိုင်းတွေအများကြီး အများကြီးကို ဆက်တိုက်ကြည့်ရှုရမှာပါ။ ကောင်းလွန်းလို့
ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ တစ်ခုမှာချင်တာက မျက်ရည်လေးတော့ခိုင်အောင်ထားပေါ့ဗျာ…Crd: Channel Myanmar
Related