Happy Movies
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war
No Result
View All Result
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war
No Result
View All Result
Happy Movies
No Result
View All Result
Home Action

Jason Bourne (2016)

2.501 Views
4 months ago
392 8
0
Share
Facebook Twitter Google+

    ဒေါင်းလော့လုပ်ရန်

    Jason Bourne

    2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum (2007) နဲ့ယခုဆိုရင် Jason Bourne (2016) ထိတောင်ရှိလာခဲ့ပြီလေ။ (2012 က ထွက်ခဲ့တဲ့ Bourne Legacy ဆိုတဲ့ဇာတ်ကားကို ကျွန်တော် ထည့်မရေးခဲ့ဘူး။ စကားချပ်)

    ——————————————————————————————–

    Jason Bourne ဇာတ်ကားတွေဟာ ကျွန်တော်တို့လို ယောင်္ကျားလေးပရိသတ်တွေအတွက်တော့ James Bond ထက်တောင်ပိုမိုနှစ်သက်တဲ့ ဇာတ်ကောင်ဖြစ်လာခဲ့တယ်။ ဘာကြောင့်လဲလို့ဆိုတော့ တိကျတဲ့အဖြေတစ်ခုက တစ်ခြား Action ဇာတ်ကားတွေနဲ့မတူတဲ့ Action ခန်းတွေကို တင်ပြပုံဆန်းသစ်လို့ပဲ။ Die Hard ဇာတ်ကားတွေကို စိန်ခေါ်ခဲ့တဲ့ 21 ရာစုရဲ့အကောင်းဆုံးသော Action ဇာတ်ကား Franchise အဖြစ် နာမည်တပ်ခြင်းခံခဲ့ရတယ်။
    ကျွန်တော်လို့Jason Bourne အမာခံပရိသတ်တိုင်း ယခု Jason Bourne (2016) ဇာတ်ကားကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ Jason Bourne ဒီလောကကြီးထဲကို ဘာကြောင့်ပြန်ဝင်လာတာလဲဆိုတဲ့ အကြောင်းပြချက်ကို သိချင်လို့ပဲ။ ဒါပေမဲ့ ဇာတ်လမ်းပြီးဆုံးသွားတဲ့အခါမှာတော့ ထိုအကြောင်းပြချက်ကို ခိုင်မာစွာ မတွေ့ခဲ့ရဘူး။ အတိတ်က မိသားစုဝင်တစ်ယောက်ကို ဇာတ်လမ်းရဲ့ရည်ရွယ်ချက်တစ်ခုအဖြစ် ထည့်ထားလိုက်ပြီး ဇာတ်ကားကို အလွယ်တကူ ဖန်တီးလိုက်တယ်လို့ပဲ ခံစားလိုက်ရတယ်။

    ——————————————————————————————-

    အမှန်တော့ Jason Bourne သည် ပြီးဆုံးခဲ့ပြီ။ သူ့ရဲ့နိဂုံးသည် 2007 လောက်က New York မြိ ု့ရဲ့East River ထဲကနေ လွတ်မြောက်သွားခြင်းကနေ အဆုံးသတ်ခဲ့ပြီလေ။ ဒါဆို အခုမှ ဘာကြောင့်ပြန်လာရသလဲ။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်မပြောလိုတော့ဘူး။ ဒါပေမဲ့ သေချာတာက သူ CIA ထဲမဝင်ခင်က အကြောင်းအရာတွေနဲ့CIA ကို ဝင်ရောက်ခါစက အဖြစ်အပျက်တွေကို စက်ဝိုင်းတစ်ပတ်ပြည့်အောင် ဇာတ်လမ်းကို ပိတ်ပစ်ခဲ့ကြတယ်။

    Operation Blackbriar ကို သူဖော်ထုတ်ခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်ခဲ့ပြီ။ သူဟာ အတိတ်ကိုလည်း ပြန်မှတ်မိသင့်သလောက် မှတ်မိနေပြီ။ ငြိမ်းချမ်းတဲ့ဘဝတစ်ခု မဟုတ်ပေမဲ့ လွတ်ကင်းတဲ့နေရာတစ်ခုမှာ သူဟာ အသက်ရှင်နေတယ်။ သူကျင်လည်ခဲ့တဲ့ လောကကြီးနဲ့ပြတ်ခဲ့တာ ဘယ်လောက်ကြာမြင့်ခဲ့ပြီလဲပင် မသိပေ။ ဒါပေမဲ့ သူ့ရဲ့လွတ်ကင်းနေတဲ့ ကိုယ်ပိုင်ဘဝကို ပြန်ဝင်ရောက်လာတာက Nicky Parsons။ ဒီတစ်ခါ သူမရောက်ရှိလာတာ ပို၍ အရေးကြီးတဲ့အကြောင်းအရာတစ်ခု ပါလာလိမ့်မယ်ဆိုတာ သူကြိုတင်ခန့်မှန်းပြီးသား။ ထို့ကြောင့်လည်း သူမချိန်းဆိုထားတဲ့အတိုင်း သူမကို တွေ့ဆုံခဲ့တယ်။ သူထင်ထားတဲ့ တစ်ခြားအကြောင်းအရာတော့မဟုတ်။ သူမယူဆောင်လာတဲ့ သတင်းက သူ့ရဲ့အတိတ်က သူ မသိသေးတဲ့ ပို၍အရေးကြီးတဲ့ သတင်းတစ်ခုပဲ။ Iceland ရဲ့Reykjavík မြို့မှာ Nicky Parsons တစ်ယောက် CIA ရဲ့Mainframe servers တစ်ချို့ကို hack ပြီး အချက်အလက်တစ်ချို့ကို ယူဆောင်လာကတည်းက CIA က သူမနောက်ကို ထပ်ချက်မကွာ လိုက်လာနေပြီ။ ဒီနေရာမှာ CIA ဟာ Nicky Parsons နောက်ကို လိုက်ရင်း ကြုံတွေ့လိုက်ရတဲ့ သူတစ်ယောက်ကတော့ သူတို့မျှော်လင့်ထားတဲ့သူတစ်ယောက် မဟုတ်။ ဘာကြောင့်လဲဆိုတော့ ထိုသူက Jason Bourne ….

    ——————————————————————————————-

    ဇာတ်ကောင် Jason Bourne ဟာ CIA Operative ကို ထွက်လာခဲ့တာ ကြာပြီဖြစ်သလို မင်းသား Matt Damon ဟာ Jason Bourne ဇာတ်ကောင်ကနေ ထွက်ခွာခဲ့တာ ကြာခဲ့ပြီ။သူ့အနေနဲ့ယခုဇာတ်ကားကို ပြန်လည် ရိုက်ကူးဖြစ်လိမ့်လို့တောင် ထင်မထားခဲ့ဘူး။ Bourne Ultimatum (2007) မှာ အားလုံးအဆုံးသတ်ခဲ့ပြီလို့သူတို့အားလုံးထင်ခဲ့ကြတာကိုး။ ဘာကြောင့်လဲဆို ပထမဇာတ်ကား 3 ကားအခြေခံရိုက်ကူးခဲ့တဲ့ စာရေးဆရာ Robert Ludlum ကိုယ်တိုင်ရေးခဲ့တဲ့ ဝတ္ထုတွေဟာလည်း 3 အုပ်ပဲရှိပြီး Bourne Ultimatum မှာ နိဂုံးချုပ်ခဲ့ပြီကိုး။ Director Paul Greengrass ကိုယ်တိုင်လည်း ထို project နေထွက်ခွာခဲ့တယ်။ ဒါကြောင့်လည်း 2014 September လတုန်းက Director Paul Greengrass နဲ့မင်းသား Matt Damon တို့နောက်ထပ် Jason Bourne ဇာတ်ကားသစ်ကို ရိုက်ကူးတော့မယ်လို့သတင်းထွက်လာတော့ လူတိုင်း အံ့သြသင့်ခဲ့တာကိုး။

    ——————————————————————————————–

    Jason Bourne ဇာတ်ကားတွေဟာ အရင်တုန်းကတော့ ပရိသတ်တွေအပေါ်မှာ Entertainment အနေတစ်ခုနဲ့သာ စံနှုန်းတင်ထားခြင်းခံခဲ့ရပေမဲ့ ယခုနှောင်းပိုင်းနှစ်တွေအတွက်တော့ Edward Snowden ရဲ့case တွေဟာ ကမ္ဘာအနှံကလူသားတွေနဲ့မိတ်ဆက်ခဲ့ပြီးနောက် ထိုတစ်ကယ့် ဖြစ်ရပ်မှန်တွေဟာ ယခုလို ဆင်တူယိုးမှားဇာတ်လမ်းမျိုးတွေဖြစ်တဲ့ Jason Bourne လို ဇာတ်ကားတွေအပေါ်မှာတော့ ဖိအားတွေ ရှိလာခဲ့ရတယ်။ လူတိုင်းဟာ Jason Bourne ကို Snowden နဲ့Reference တောင်လုပ်ချင်လုပ်လာကြတယ်။ Jason Bourne ဟာ ဇာတ်လမ်းတွေထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေဖြစ်နေပေမဲ့ Snowden ကတော့ လက်တွေ့ကျွန်တော်တို့ရဲ့ပြင်ပကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ လတ်တလော အဖြစ်အပျက်တွေပဲလေ။

    —————————————————————————————–

    ထားပါ။ ကျွန်တော် ဇာတ်ကောင်အကြောင်းနည်းနည်းပြောချင်လို့။ ကျွန်တော်ကိုယ်တိုင်ရော ကျွန်တော်တို့Page က တစ်ခြား Admins တွေပါ Jason Bourne အကြောင်း မရေးဖူးသေးဘူးလေ။ Jason Bourne ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာပေ့ါ။ စောစောက ပြောခဲ့တဲ့အတိုင်း သူဟာ James Bond လို စုံထောက်မျိုးတော့မဟုတ်ဘူး။ James Bond နဲ့အရာအားလုံးကွာခြားတယ်။ သူဟာ စကားနည်းသလောက် ဘယ်အရာကိုမှ အကျိုးအမြတ်မယူဘူး။ လက်တွေ့လောကနဲ့ပိုနီးစပ်တယ်။ အလွန်တော်ပေမဲ့ အသုံးမဝင်တဲ့ လူစားမျိုး။ သူဟာ သူ့ရဲ့ဖြစ်တည် အသက်ရှင် ရပ်တည်မှုကို နေ့စဉ်နဲ့အမျှ မေးခွန်းထုတ်နေရမဲ့ သူမျိုးလို့ကျွန်တော်တွေးမိတယ်။ သူဟာ အမြဲတမ်း နိုကြားနေတဲ့ သတိနဲ့နေတဲ့လူသား။ တိုက်ခိုက်မှု စွမ်းရည်ကိုပြောရမယ်ဆိုရင် အရွယ်အစားကို သူဂရုမစိုက်။ လူကောင်ချင်း မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ သူ့မှာ တစ်ခြားပြိုင်ဘက် ရန်သူထက် သာလွန်နေတဲ့တစ်ချက်က လက်ရှိအခြေအနေကို ကောင်းစွာအသုံးချနိုင်တဲ့ ထက်မြက်တဲ့ဉာဏ်စွမ်းရည်ပဲ။ သူ့မှာ Superpowers တွေ မရှိဘူး။ သို့သော် Skills တွေတော့ ရှိတယ်။ ဒါကို ဆိုလိုချင်တာ။ ဥပမာ သူ့မှာ လတ်တလော အခြေအနေအရ လက်နတ်မရှိပေမဲ့ အနီးအနားမှာ ရှိတဲ့ Magazine စာအုပ်တို့ဘာတို့ကိုတောင် ကောင်းစွာအသုံးချသွားပြီး ရန်သူကို ပြန်လည် ကောင်းမွန်စွာ တိုက်ခိုက်နိုင်တဲ့ သူမျိုး။ ကျွန်တော်တို့တွေ သူ့ကို နှစ်သက်ရတဲ့ အချက်ကလည်း ဒီအချက်ပဲ။ သူဟာ ကျဉ်းတည်းကျပ်တည်း အခြေအနေတစ်ခုကနေ မည်ကဲ့သို့လွတ်မြောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ရတာ Jason Bourne ဇာတ်ကားတွေရဲ့အဓိကအချက်တစ်ခုပဲ။ ပြောရမယ်ဆိုရင် Daniel Craig ရဲ့ပြန်လည်ဆန်းသစ်ထားတဲ့ James Bond ဇာတ်ကားတွေဟာ Jason Bourne ဇာတ်ကားတွေကို စံနမူနာ ယူခဲ့တယ်လို့တောင် ထင်မှတ်စရာ ကောင်းလှတယ်။

    ဒါဆို ခု ကျွန်တော် ဆက်ပြောချင်တဲ့ အကြောင်းအရာက Jason Bourne ရင်ဆိုင်ရတဲ့ ကြေးစားလူသတ်သမားလို့မြန်မာလို ရိုးရှင်းစွာခေါ်လို့ရတဲ့ Assets တွေအကြောင်းပဲ။ အရင် ဇာတ်ကား 3 ကားရဲ့Assets တွေအဖြစ် Clive Owen, Karl Urban နဲ့Edger Ramirez တို့က သရုပ်ဆောင်ခဲ့ကြပြီး ယခုနောက်ဆုံးဇာတ်ကားမှာတော့ Vincent Cassel က သရုပ်ဆောင်ခဲ့တယ်။ တစ်ကယ့်ကို Deadly Assassins တွေပါ။ အရင်ဇာတ်ကားတွေက Assets တွေက တာဝန်နဲ့ဝတ္တရားကြောင့်ဖြစ်ပေမဲ့ ယခုဇာတ်ကားက Asset (Vincent Cassel) ကတော့ Bourne အပေါ်မှာ Personally အရပါ နာကျည်းချက်တွေ ရှိနေခဲ့ခြင်းကြောင့် ပိုမိုပြင်းထန်တယ်လို့ခံစားခဲ့ရပါလိမ့်မယ်။ ယခုဇာတ်ကားသစ်မှာ Matt Damon နဲ့Julia Stiles တို့က ပြန်လည်ပါဝင်ခဲ့ကြပြီး ကျန်သရုပ်ဆောင်တွေကတော့ Tommy Lee Jones, Alicia Vikander, Vincent Cassel နဲ့Riz Ahmed တို့ပဲဖြစ်တယ်။ သရုပ်ဆောင်တွေအပိုင်းမှာတော့ Matt Damon ရဲ့ဇာတ်ကောင်ကို ပိုအလေးပေးရေးသားထားတဲ့ ဇာတ်ညွှန်းကြောင့် မည်သူမှ ပို၍ကောင်းတယ်ဆို ဝေဖန်ဖို့ခဲယဉ်းတယ်။

    ——————————————————————————————–

    အရင် Jason Bourne ဇာတ်ကားတွေကို ကြည့်ဖူးတဲ့သူတွေ ခုစာဖတ်သူတွေထဲမှာ ရှိတယ်ဆိုရင် ဘယ် Action ဇာတ်ဝင်ခန်းတွေကို မှတ်မိနေသေးလဲ။ ထို ဇာတ်ဝင်ခန်းတွေကြောင့်ပဲ Jason Bourne ဇာတ်ကားတွေဟာ နာမည်ကြီးခဲ့တာပါ။ ကျွန်တော်ရှင်းပြပါရစေ။ ခုနောက်ပိုင်းနှစ်တွေမှာ Action ကားတွေ မြောက်များစွာ ထွက်ပေါ်လာတယ်နော်။ ဒါပေမဲ့ ထိုရုပ်ရှင်တွေရဲ့ဇာတ်ဝင်ခန်းတွေကို မှတ်မိပါသေးလား? ကျွန်တော့်အတွက်တော့ တစ်ချို့ဇာတ်ကားတွေဟာ ဝါးတားတားပါပဲ။ ဒါပေမဲ့ Jason Bourne ဇာတ်ကားတွေရဲ့Action ဇာတ်ဝင်ခန်းတွေကိုတော့ ခုထိ မှတ်မိနေတုန်းပဲ။

    ဥပမာ .. Bourne Identity ထဲကဆိုရင် American သံရုံးကနေ ထွက်ပြေးရတဲ့အခန်း။ တိုက်အစွန်အဖျားလေးတွေပေါ်မှာ ကန့်လန့်သွားနေရတဲ့ ထိုအခန်းရယ်၊ ပြင်သစ်နိုင်ငံ Paris မြို့ပေါ်က လမ်းမတွေပေါ်က Car Chasing ခန်း နဲ့ထိုဇာတ်ကားရဲ့နောက်ဆုံးခန်း တိုက်အတွင်းက လှေကားထစ်တွေပေါ်ကနေ အောက်ကို တစ်ရှိန်ထိုးခုန်ချပြီး လှေကားပေါ်က ရန်သူတွေကို သေနတ်နဲ့ပစ်သွားတဲ့အခန်းတွေ။

    နောက်ပြီး Bourne Supermacy ဆိုရင်လည်း စစချင်းမှာပဲ Marie မောင်းနှင်နေတဲ့ ကားကို အနောက်က လူသတ်သမားက ထပ်ကြပ်မကွာလိုက်ပြီး သူမကို သတ်ဖြတ်လိုက်တဲ့အခန်း၊ Berlin မြို့က ဘူတာရုံက ဇာတ်ဝင်ခန်း နဲ့နောက်ဆုံး Moscow မြို့ပေါ်က လမ်းမတွေပေါ်က ရန်သူနဲ့သဲကြီးမဲကြီးတိုက်ခိုက်ကြတဲ့ Car Chase ခန်းတစ်ခန်း။

    ထို့နောက် ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ Bourne Ultimatum ဇာတ်ကားထဲက ပထမဆုံး ဇာတ်ဝင်ခန်းဖြစ်တဲ့ London မြို့ရဲ့Waterloo ဘူတာရုံက လူအုပ်တွေကြားထဲက သတင်းစာဆရာကို ကယ်တင်တဲ့အခန်း၊ ထို့နောက် Tangiers က ပြေးတန်းလိုက်တန်းဇာတ်ဝင်ခန်း (ကျွန်တော် အကြိုက်ဆုံး) ဒီဘက် အဆောက်အဦးရဲ့ပြတင်းပေါက်ကနေ ဟိုဘက် အဆောက်အဦးရဲ့ပြတင်းပေါက်ကို ခုန်ချသွားတာကို Cinematography ကပါ သရုပ်ဆောင်နောက်က အတူ လိုက်ရိုက်ပြသွားတဲ့ အခန်း၊ နောက်ဆုံး New York မြိ ု့ရဲ့Parking Bay ကနေ ကားကို နောက်ပြန်မောင်းချသွားတဲ့ Car Chasing အခန်းတွေဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအတွက် ဘယ်တော့မှ မမေ့တဲ့ ဇာတ်ဝင်ခန်းတွေ။

    ——————————————————————————————

    ယခုဇာတ်ကားမှာလည်း ထိုကဲ့သို့Iconic ခန်းတွေမပါဘူးလားဆိုတော့ ပါတာပေါ့။ ပထမဆုံး action ခန်းဖြစ်တဲ့ Greece နိုင်ငံက ဆန္ဒပြပွဲညက ဒေါသထွက်နေတဲ့လူအုပ်ကြီးတွေနဲ့မဲမဲမြင်သမျှလိုက်ဖမ်းဆီးနေတဲ့ ရဲသားတွေရဲ့ကြားထဲကို ရောက်သွားတဲ့ Jason Bourne နဲ့Nicky Parsons တို့အပြင် သူတို့နှစ်ယောက်ကို သတ်ဖြတ်ဖို့လိုက်နေတဲ့ Asset ရဲ့ရန်က ပြေးရတဲ့ ဇာတ်ဝင်ခန်းဟာ အသက်ရှုမှားလောက်ပါပေတယ်။ ဒါတင်ပဲလား။ ဘယ်ကမလဲ။ နောက်ဆုံး Las Vegas ရဲ့ညက လမ်းမတွေပေါ်က Car Chasing ခန်းဟာ ဒီနှစ်အတွက် အကောင်းဆုံး Action ခန်း ဆိုတဲ့ ဆု ရဖို့တောင် ထိုက်တန်လွန်းတယ်။ ထိုဇာတ်ဝင်ခန်းလေးကိုပဲ ရိုက်ကူးဖို့မိုင်တစ်ဝက်ခန့်ကို ပိတ်ခဲ့ရတယ်။ သေသေချာချာ စဉ်းစား ဆုံးဖြတ် plan ချပြီး အသေးစိပ်ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါ။ ထိုအခန်းလေးတစ်ခန်းကို ရိုက်ကူးဖို့ပဲ ပြင်ဆင်ခဲ့ရတဲ့ အချိန်က 7 လ ကြာပြီး၊ တစ်ကယ် ရိုက်ကူးခဲ့ချိန်ကတော့ 17 ည တိတိပါ။ သူတို့ရိုက်ကူးနေတဲ့အချိန်တိုင်း လမ်းမတွေပေါ်မှာ အမှန်တစ်ကယ် ရှိနေခဲ့တဲ့ ကားအရေအတွက်ဟာ ပျမ်းမျှအားဖြင့် 300 ကျော်ခန့်ရှိပြီး သူတို့ရိုက်ကွင်းမှာ အမှန်တစ်ကယ် ဖျက်ဆီးခဲ့ကြတဲ့ ကားအရေအတွက်ကတော့ 60 ဖြစ်ပြီး (ဒါတောင် Rehearsals လုပ်ခဲ့တုန်းက ဖျက်ဆီးခဲ့တဲ့ ကားအရေအတွက်မပါပါ။) Stunt drivers ပေါင်း 45 ယောက်တိတိ နဲ့သရုပ်ဆောင်ပေါင်း အယောက် 250 ကို အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ ဇာတ်ဝင်ခန်းလေး တစ်ခန်းအတွက် အသုံးပြုခဲ့ကြတဲ့ ဒီဇာတ်ကားရဲ့အလေးထားမှု သက်သက်ပဲ။

    နောက်ဆုံးပြောချင်တာ တစ်ခုကတော့ ဒီဇာတ်ကားဟာ အကောင်းဆုံး Jason Bourne ဇာတ်ကားတစ်ကား မဟုတ်ခဲ့ပေမဲ့ ဒီနှစ်အတွက်တေ့ာ အကောင်းဆုံး Action ဇာတ်ကားဆိုတာ ကျွန်တော် ရဲရဲကြီးပြောရဲပါတယ်လို့ပဲ။ နောက်ထပ် Jason Bourne ဇာတ်ကားတွေအတွက် မသေချာတော့ပေမဲ့ ထပ်မံ ရှိလာအုံးမယ်ဆိုရင်လည်း ကျွန်တော်ကတော့ ကြိုဆိုနေမှာပါ။

    IMDb Rating: 6.6/ 10
    Rotten Tomatoes Rating: 54%

    ~WH~

    (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. မှကူးယူဖော်ပြပါသည်။)

    Related

    Category: Action Thriller
    ADVERTISEMENT
    Previous Post

    You Only Live Twice

    Next Post

    Jiu Jitsu 2020

    Related Posts

    New Gods: Nezha Reborn (2021)
    Action

    New Gods: Nezha Reborn (2021)

    April 14, 2021
    Godzilla vs. Kong (2021)
    Action

    Godzilla vs. Kong (2021)

    April 2, 2021
    Fake Bodyguard ( 2021 )
    Action

    Fake Bodyguard ( 2021 )

    April 2, 2021
    Pitch Black: Riddick (2000)
    Action

    Pitch Black: Riddick (2000)

    March 29, 2021
    Pirates of the Caribbean: Dead Men Tell No Tales (2017)
    Action

    Pirates of the Caribbean: Dead Men Tell No Tales (2017)

    March 29, 2021
    Pirates of the Caribbean: On Stranger Tides (2011)
    Action

    Pirates of the Caribbean: On Stranger Tides (2011)

    March 29, 2021
    Load More
    Next Post
    Jiu Jitsu 2020

    Jiu Jitsu 2020

    Leave a Reply Cancel reply

    Your email address will not be published. Required fields are marked *

    Tags

    china Thriller
    • About

    © 2020 Happybox Movies

    No Result
    View All Result
    • Home
    • ရုပ်ရှင်များရှာဖွေရန်
    • Action
    • Adventure
    • AMERICA
    • Animation
    • Anime
    • ASIA
    • Biography
    • Bollywood
    • China
    • Comedy
    • Crime
    • Documentary
    • Drama
    • Family
    • History
    • Horror
    • Korean
    • K-Series
    • Marvel Universe
    • Movie
    • Music
    • Myanmar
    • Mystery
    • News
    • Romance
    • Sci-Fi
    • Sports
    • Thriller
    • war

    © 2020 Happybox Movies

    Welcome Back!

    Login to your account below

    Forgotten Password?

    Retrieve your password

    Please enter your username or email address to reset your password.

    Log In

    Add New Playlist