မင်္ဂလာပါအိန္ဒိယတောင်ပိုင်းကား ပရိတ်သတ်တို့ရေ….ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက် ရွေးထုတ်တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက မြန်မာပြည်မှာ တာတေကြီးရယ်လို့ နာမည်ကြီးခဲ့တဲ့ Kanchana ဇာတ်ကားတွေရဲ့ သုံးကားမြောက်ကားဖြစ်တဲ့Kanchana 3 ပါတဲ့ ခင်ဗျာ ။
ဒီကားဟာ အရှေ့မှာ 1, 2 ထွက်ခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့တဲ့ကားမို့ သုံးကားမြောက်အဖြစ် ရိုက်ထားတဲ့ ကားပါ။
ဒီဇာတ်ကားမှာလည်း Kanchana ကားတွေမှာ ပုံမှန်မြင်တွေ့နေကျဇာတ်ကောင်ဖြစ်တဲ့သရဲဆိုရင် ကြောက်ဒူးတုန်တတ်တဲ့ ရာဂဗားရယ်။
မတရားအသတ်ခံခဲ့ရတဲ့ ကာလီဆိုသူ မိဘမဲ့ဂေဟာ ပိုင်ရှင်နဲ့သူ့ချစ်သူ ရိုစီတို့ရယ် ။
ရာဂဗားတို့မိသားစုရယ်နဲ့ ဇာတ်လမ်းကို ရိုက်ပြထားတာပါ ။
အဖိုးနဲ့အဖွားရဲ့ နှစ်၆၀ပြည့် မင်္ဂလာနှစ်ပတ်လည်ကို သွားရင်း လမ်းမှာ ဝင်နားမိတဲ့သစ်ပင်ကနေ နာနာဘာဝတွေကြောင့် ပူးကပ်ပါလာရာက စလို့ ရာဂဗားတို့မိသားစုကို နာနာဘာဝတွေက ခြောက်လှန့်ပုံ ၊ဒီမကောင်းဆိုးဝါးအမှောင်လောကသားတွေကို မောင်းထုတ်ဖို့ကြိုးစားပုံတွေအပြင် . . .မိမိတည်ထောင်ထားတဲ့ မိဘမဲ့ဂေဟာ မီးရှို့ဖျက်ဆီးခံရပြီး ၊ မိမိရဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ၊မိမိရဲ့သွေးသားလိုဖြစ်နေတဲ့ မိဘမဲ့ကလေးတွေကို ထိပါးလာလို့ ပြန်လက်စားချေတဲ့ကာလီဆိုတဲ့ လူတစ်ယောက်အကြောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ် ။
သရဲကားဆိုတာထက် အကြမ်းပတမ်းတွေ ထိုးတဲ့ကြိတ်တဲ့အက်ရှင်ခန်းတွေပါတဲ့ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါပဲ။
အိုဗာအက်ရှင်တွေကို မျှော်လင့်ထားတယ်ဆိုမှသာဒီကားကို ကြည့်ပါ။
တမီးလ်နာဒူးပြည်နယ်အကြိုက် ရိုက်ထားရတဲ့အိန္ဒိယတောင်ပိုင်းကား စစ်စစ်မို့၊ တောင်ပိုင်းပရိတ်သတ်တွေကတော့ လက်ခုပ် လက်ဝါးတီးပြီး အားပေးကြဦးမှာအမှန်ပါပဲ….. Crd: Channel Myanmar
Related