ဇာတ်လမ်းလေးကတော့ မန်ဆူး လို့ ခေါ်တဲ့ ကောင်လေးနဲ့မူကူး လို့ ခေါ်တဲ့ ကောင်မလေး တစ်ယောက် တို့ နဲ့ စတင်ထားတယ်…ကျွန်နော်တို့ မြန်မာနိုင်ငံမှာဆို အထင်ကရ ကျိုက်ထီးရိုးဘုရား ကိုဘုရားဖူးတွေက လမ်းလျှောက်တက်ကြတယ်…အသက်ကြီးသူတွေကတော့ ကားတို့ဆိုင်ကယ်တို့ နဲ့ အဆင်ပြေသလိုပေါ့…ဒီဇာတ်လမ်းထဲမှာလဲ အရှင်ရှီဗား ကို ဝတ်ပြု ကိုးကွယ်ဖို့ အတွက်လူတွေဟာ တောင်ပေါ်ကို ခြေလျင် တက်ကြတယ်…အရှင်ရှီဗား ရဲ့ ဝတ်ကျောင်းဆောင်ကို ရောက်ဖို့ လမ်းလျှောက်တက်ကြသလိုအသက်ကြီးရွယ်အိုတွေကတော့ အထမ်းသမား နဲ့ တက်ရတယ်…အဲ့ဒီ အထမ်းသမားတွေထဲမှာ မန်ဆူး လို့ ခေါ်တဲ့ကောင်လေး တစ်ယောက်လဲ အပါပေါ့…အထမ်းသမားတွေဟာ မန်ဆူး ကို မြင်ရင် နှာခေါင်းရှုံ့သွားကြတယ်… ဘာလို့လဲ ဆိုတော့ ဘုရားဖူးဖို့ လိုက်ပို့တဲ့ အထမ်းသမားကမွတ်စလာမ် ကောင်လေး ဖြစ်နေလို့ပါ…ဒါပေမဲ့ တောင်ပေါ် ရောက်တဲ့ အခါကျရင် မန်ဆူး ကို လူတွေကပိုပြီး ချစ်သွားကြတော့တာပဲ…ဘာသာတရားကို ပုံမှန်လူတွေ သိတာ ကိုင်းရှိုင်းတာထက်ကိုမန်ဆူး က ပိုပြီး လေးစားတက် ကြည်ညို တက်ပါတယ်…ဘုရားဖူးတွေကို ဘုရားစာတွေ တစ်လမ်းလုံးရွတ်ဖတ်ပြတယ် ဘုရားအကြောင်းတွေ ရှင်းပြတယ်…ဒီလို နဲ့ ဘုရားဖူးတွေကို စိတ်ချမ်းသာမှုအပြည့်ပေးတက်သူလေးပေါ့…အဖေ မရှိ တစ်ဦးထဲသော အမေကိုလုပ်ကျွေးနေတဲ့ အထမ်းသမားလေး မန်ဆူး ဟာအမေ့ကိုလဲ ပိုက်ဆံ အပြည့်အ၀ မပေးနိုင်ပါဘူး…သူချစ်တဲ့ ဘုရားဖူးတွေဆို အမြဲ ဈေးလျှော့ပေးရတာနဲ့မုန့်ဝယ်ကျွေးရတာနဲ့ ပိုက်ဆံ အပိုကျန်တာ သူများထက်နည်းပါတယ်…. အမေ့ အဆူခံရတာလဲ အမြဲတမ်းပေါ့…ဒီလို လူရိုးလေး မန်ဆူး ဟာ တစ်ရက်မှာတော့စွာတေးမလေး မူကူး နဲ့ တွေ့တော့တာပဲ…မူကူးဆိုတာကလဲ ဘုရားလူကြီး ရဲ့ သမီးအငယ်ဆုံးမန်ဆူး နဲ့ဆို ဘာသာခြားတဲ့ အပြင် မူကူး တို့မိသားစု တွေက ဘာသာခြားဆို သိပ်ကြည့်လို့ရတဲ့သူတွေမဟုတ်ပြန်…. ဒီတော့ကာ စွာတေးမလေး မူကူး နဲ့လူရိုးလေး မန်ဆူး တို့ ရဲ့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး….Crd: Channel Myanmar
Related