ပြိုလဲကြေကွဲ ငိုမျက်ရည်ဝဲစေမယ့် ၂၀၁၈ ထွက် မင်းသားကြီး လီဗျောင်ဟွန်း ပါဝင်တော်မူသော ကိုရီးယားကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်…IMDb Rating 7.4 ထိ ရထားတာဆိုတော့ rating များရုံမက တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ..ဇာတ်ကားအစကနေအဆုံးထိ ပျင်းစရာလုံးဝမကောင်းဘဲ ပရိတ်သတ်ရဲ့ စိတ်အာရုံကို ဆွဲဆောင်ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်…
ဂျိုဟာ ဆိုတဲ့ လက်ဝှေ့ချန်ပီယံဟောင်းတစ်ယောက်ဟာ ဆင်းရဲစွာနဲ့ ကြုံရာကျပန်း အလုပ်လုပ်စားပြီး ဘဝကို ကျောင်းနေရတဲ့လူတစ်ယောက်ပါ…လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေဝေရင်း…လက်ဝှေ့အကူလိုက်ထိုးရင်းနဲ့ ကြုံသလို ဘဝကိုဖြတ်သန်းနေတာပေါ့ …
ဂျိုဟာရဲ့အမေဟာ သူ့ကိုငယ်စဉ်တည်းကစွန့်ပစ်သွားတာဖြစ်ပြီး ဂျိုဟာ က တစ်ယောက်တည်း ကြီးပြင်းလာခဲ့ရပါတယ်…တစ်နေ့တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားရင်း စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူ့အမေနဲ့ မမျှော်လင့်ဘဲပြန်တွေ့ခဲ့ပါတယ်…
ဇာတ်လမ်းလေးကို ပေါ့ပါးရွှင်မြူးစွာရိုက်ကူးထားပြီး ရယ်မောမှုနဲ့ ကြေကွဲမှု နှစ်မျိုးလုံးကို ရရှခံစားစေမယ့်ကားလေးတစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်သင့်ဘဲ ရွှေပွဲလာပရိတ်သက်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူလိုက်ပါဦး…..Crd: Channel Myanmar
Related