2016 ခုနှစ်က ထွက်ခဲ့တဲ့ အီတလီနာမည်ကြီးဇာတ်ကား Perfect Strangers ကိုRemake လုပ်ပြီးပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်ညွှန်းလေးကတော့ လင်မယား စုံတွဲ ၂တွဲ ..စုံတွဲတစ်တွဲ နဲ့ အပျိုကြီးတို့စုစုပေါင်းလူ၇ယောက်ဟာ တခုသောညနေခင်းလေးမှာတွေ့ဆုံပွဲလုပ်ကြတယ်။ ဒီလိုနဲ့သူတို့ဟာဖုန်းတွေအားလုံးကိုအလယ်မှာထားပြီး ဖုန်းခေါ်တာတွေ
message တွေ wechat က ပို့တာတွေကို စာတိုတွေအားလုံးကို အားလုံးတူတူဖတ်ဖို့လက်ခံခဲ့ကြတယ်။ ဒီလိုနဲ့သာမာန်တွေ့ဆုံပွဲလေးကနေမထင်မှတ်တဲ့အပြောင်းအလဲတွေဖြစ်လာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲကအတိုင်းအုပ်စုဖွဲ့ပြီးဂိမ်းကစားမယ်ဆိုရင်ပိုပြီးတောင် စိတ်လှုပ်ရှားဖွယ်ကောင်းမယ်လို့ထင်မြင်မိပါတယ်…..Crd: Channel Myanmar
Related