ဒီဇာတ်ကားက ပြီးခဲ့တဲ့လကမှ ထွက်ရှိထားတဲ့ အမေရိကန် အက်ရှင် ကား တကားပါ။
Lion Gates ကုမ္ပဏီက ဖြန့်ချိတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Martin Owen က ရိုက်ကူးထားတာပါ။
ပါဝင်တဲ့ ဇာတ်ဆောင်တွေကတော့
Jessica Alba,
Tommy Flanagan,
Gary Oldman,
Rhyon Nicole Brown,
My Anna Buring,
Michael Socha,
Tim Mclnnery,
Sam Hazeldine
တို့ ဖြစ်ပါတယ်။
Killer Anonymous ဆိုတာ လူသတ်သမားတွေကို စုဖွဲ့ထားတဲ့ အဖွဲ့တခုဖြစ်ပြီး လူတယောက်ကို ကိုယ် ဘယ်လိုသတ်ခဲ့တယ်
သတ်နေတုန်း ကိုယ်ဘယ်လိုခံစားရတယ် စတဲ့ လူသတ်ခြင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ ဖလော်ဆော်ဖီကို အချင်းချင်းဝေမျှရင်း စိတ်ဖိအားလျှော့ချကြတဲ့ ပုံစံနဲ့ လည်ပတ်နေတာပါ။
အဲဒီအဖွဲ့ကို ဘယ်သူက အဓိက ကြိုးကိုင်နေလဲ စီအိုင်အေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ master mind တွေ က အစီအစဉ်တခုကို ချတဲ့ အခါ ပါဝင်သူတွေကိုယ်တိုင် မသိလိုက်အောင် လူတစ်ဦးချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကို အသုံးချပြီး ဘယ်လို ဉာဏ်ကစားကြလဲ ကြည့်ပျော်တဲ့ ဇာတ်လမ်းတခုပါ ခင်ဗျာ……Crd: Channel Myanmar
Related