IMDb ratings : 7.6/10,
Genre : Action,Drama, ဒီတစ်ခါ ဘောလိ၀ုဒ်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
Saif Ali Khan , Sonakshi Sinha တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ကြည့်ပျော်ရှုပျော် ဇာတ်ကားတစ်ကားပါ။
ဒီကားအညွှန်းရေးရမှာက ကျွန်တော့်အဖို့ တော်တော့်ကို ခက်ခဲပါတယ်။
အိန္ဒိယနိုင်ငံမှာ ဇာတ်အနိမ့်အမြင့်နာမည်တွေ ၊ မျိုးနွယ်နာမည်တွေနဲ့ ကိုးကွယ်တဲ့ဘာသာပေါင်းများစွာ ရှိတဲ့အတွက် လက်လှမ်းမမီတာကြောင့်ပေါ့။
ဇာတ်လမ်းစစချင်းကတည်းက သတ်တာဖြတ်တာတွေ ၊ သွေးထွက်သံယို ပြကွက်တွေနဲ့ စထားတာမို့၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ အုပ်ထိန်းသူနဲ့ကြည့်သင့်ပါတယ်။
၁၈ ရာစုဝန်းကျင်ကို အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ ဒီကားက ဟောလိ၀ုဒ်က ရိုက်ပြခဲ့တဲ့ Bounty Hunter ကားတွေနဲ့ တော်တော်လေး တူပါတယ်။
အဓိက ဇာတ်ကောင်က ဆုကြေးအထုတ်ခံထားတဲ့သူတွေကို လိုက်သတ်မယ်။
ပြီးရင် သတ်ထားတဲ့သူရဲ့ခေါင်းကို ဖြတ်ယူပြီး ထုတ်ထားတဲ့သူဆီ ငွေသွားတောင်းမယ်။
နောက် သားကောင်တစ်ကောင်ကို ထပ်ရှာမယ်ပေါ့။
ဒါပေမယ့် ဒီကားမှာတော့ ထင်မှတ်မထားတဲ့ လှည့်ကွက်တစ်ခု ထည့်ထားတယ်။
Bounty Hunter ဟာ အိန္ဒိယ နာဂဆာဒူး(တပသီ – ချိုးခြံသော အကျင့်ရှိသူများ)တစ်ယောက် ဖြစ်နေတယ်။
သူများကို လိုက်ကယ်ရမယ့်အစား သူက လိုက်သတ်တယ်။
သူတော်စင်ဖြစ်နေပါရက်နဲ့ ဘာကြောင့် လူလိုက်သတ်ရသလဲဆိုတဲ့အချက်ကတော့ ဒီကားရဲ့လှပတဲ့လှည့်ကွက်မို့ ကိုယ်တိုင်သာ ကြည့်လိုက်ပါ။
အညွှန်းရေးရတာ ကျွန်တော့်အတွက် ခက်ခဲနေတဲ့အတွက် ဒီလောက်ပဲ ရေးလိုက်ပါရစေ….Crd: Channel Myanmar
Related