Lea (လေယာ) ဆိုတဲ့ Cystic Firbrosis ရောဂါသည်မလေးအကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။
လေယာရဲ့သူငယ်ချင်းက ဇာတ်ကြောင်းပြောသူအနေနဲ့ အဓိက ပါဝင်ထားပါတယ်။
Cystic Fibrosis ဆိုတာကတော့ Five Feet Apart ရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ ရောဂါပဲဖြစ်ပါတယ်။
မြန်မာလို အနီးစပ်ဆုံး ပြောရရင်တော့ အရည်ပြွန်အနာဖေးတက် ရောဂါ လို့ နာမည်တပ်ရမလားပါပဲ။
မျိုးရိုးလိုက်တတ်တဲ့ရောဂါဖြစ်ပြီးတော့ အနောက်နိုင်ငံသားတွေမှာ အဖြစ်များပါတယ်။
ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးရယ်လို့ မရှိသေးဘဲ သက်သာအောင် ပိုဆိုးမလာအောင် လုပ်နိုင်တာပဲရှိပါတယ်။
လေယာကတော့ အနောက်တိုင်းဆေးပညာကို ကျော်လွန်ပြီး ဆေးမြီးတိုတို့ နတ်ဆရာတို့နဲ့ ကုဖို့ ကြိုးစားတဲ့အကြောင်းပါ။
ဆေးပညာနဲ့ ဆေးမြီးတိုတို့ နတ်ဆရာတို့ကြားက အယူအဆတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ မြင်တွေ့ရပါမယ်။
မှတ်တမ်းရုပ်ရှင်ဆိုပေမယ့် ဒါရိုက်တာရဲ့ တင်ပြပုံအခင်းအကျင်းကောင်းမှုတွေကြောင့် ပျင်းရိစရာကောင်းနေမှာမဟုတ်ပါဘူး။
စကြည့်မိပြီဆိုတာနဲ့ ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုဖြစ်မှာပါ….. Crd: Channel Myanmar
Related