Neverland မှစွန့်ခွာခြင်း……….
ကမ္ဘာကျော်ပေါ့ပ်ဂီတဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် သေဆုံးပြီး ၁၀ နှစ်အကြာမှာ
ထွက်ရှိလာခဲ့တဲ့ မှတ်တမ်းဗွီဒီယိုပဲ ဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ ၂၀၀၉ ခုနှစ် ဇွန်လ(၂၅)ရက်မှာ သေဆုံးခဲ့ပါတယ်။
ဒီမှတ်တမ်းဗွီဒီယိုကတော့ မိုက်ကယ်ဂျက်ဆင်ဟာ သက်ရှိထင်ရှားရှိစဉ်က
ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ မတရားမှုများကို
ကျုးလွန်ခဲ့တယ်ဆိုတဲ့ အကြောင်းကို
သက်သေအနည်းငယ်နဲ့ တင်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။
မှတ်တမ်းဗွီဒီယိုမှာ ပါဝင်တဲ့သူတွေကတော့
Wade Robson နဲ့ Jimmy Safechuck တို့ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ မိသားစုဝင်များနဲ့ အင်တာဗျူးများလည်း ပါဝင်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ကလည်း ခုဆိုရင် အောင်မြင်နေသူများပဲ ဖြစ်ကြပါတယ်။
Wade Robson က အကနည်းပြတစ်ယောက်ဖြစ်နေပြီးတော့
Britney Spears၊ ‘Nsync တို့ရဲ့ အကနည်းပြ ဖြစ်ခဲ့ပါတယ်။
Jimmy Safechuck ကတော့ ဒါရိုက်တာတစ်ယောက်ပါ။
ဒီမှတ်တမ်းဗွီဒီယိုကို HBO ရုပ်သံလိုင်းက အပိုင်း(၂)ပိုင်းခွဲပြီး
မတ်လ(၂)ရက်နေ့ နဲ့ (၃)ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ထုတ်လွှင့်ပြသပြီး နောက်တစ်ရက်မှာပဲ မိုက်ကယ်ဂျက်ဆင်ရဲ့မိသားစုဝင်တွေက
HBO ရုပ်သံလိုင်းကို လျော်ကြေးငွေ ဒေါ်လာ သန်း(၁၁၀) ရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကို မကြည့်ခင်မှာ စိတ်ကိုတော့ ပြင်ဆင်ထားစေချင်ပါတယ်။
မိုက်ကယ်ဟာ ကျွန်တော်တို့ရဲ့ငယ်ဘဝ ဟီးရိုးပါ။
သူနဲ့ပတ်သက်တဲ့ ကောလဟလတွေကလည်း သူမသေခင်ထဲက ထွက်ထားခဲ့တာပါ။
ဒါကိုကြည့်ပြီးတဲ့အချိန်မှာ စိတ်မောလူမောနဲ့ ဖြစ်ကျန်ခဲ့ရပါလိမ့်မယ်။
သားသမီးရှိတဲ့မိဘတွေဆိုရင်လည်း ကိုယ့်သားသမီးကိုကိုယ် ပိုပြီး ဂရုစိုက်တတ်လာပါလိမ့်မယ်။
Documentary ဆိုပေမယ့် တင်ပြပုံ သိမ်မွေ့လွန်းတဲ့အခါကျတော့
ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုကို ခံစားလာရမှာပါ။
IMDb မှာ 7.1/10 ရရှိထားပြီးတော့ Rotten Tomatoes မှာတော့ 98% တောင် ရရှိထားတာပါ။
ဒီမှတ်တမ်းရုပ်ရှင် နဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေကြားမှာတော့ ခုထိ ၀ိ၀ါဒကွဲပြားနေကြတုန်းပါပဲ…Crd: Channel Myanmar
Related