မှော်ပညာတွေထွန်းကားခဲ့တဲ့ ဟိုးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက လူသားတွေနဲ့ နတ်ဆိုးတွေက အတူယှဉ်တွဲ နေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် ကပ်ဘေးကြီးတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ မှော်ပညာတွေလဲတိမ်ကောလာခဲ့တယ်။
ယန်ဂျာလို့ခေါ်တဲ့ မှော်ပညာတစ်ခုသာ သိကြတော့တဲ့ခေတ်ဖြစ်သွားတယ်။ ယန်ဂျာဆိုတာ စက္ကောမပညာလိုမျိုးပေါ့။စက်ပစ္စည်းတွေကို အသက်သွင်းနိုင်တဲ့ပညာပေါ့။
အဲ့ပညာရပ်မှာ အတော်ဆုံးဖြစ်သူကတော့ ရွှီရီ လို့ခေါ်တဲ့ဆရာကြီးပေါ့။ တစ်နေ့မှာ အဲ့ဆရာကြီးကပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ ဘယ်သူကမှ ဘာကြောင့်ပျောက်သွားတယ်။ ဘယ်ကိုရောက်သွားလဲဆိုတာမသိကြဘူး။
အဲ့ဒါနဲ့ သူ့တပည့်ဖြစ်သူက သူ့ဆရာရဲ့သတင်းကိုလိုက်စုံစမ်းရင်း လေလံပွဲတစ်ခုမှာ ဆရာဖြစ်သူရဲ့လက်စွပ်ကို လေလံဆွဲမယ်ဆိုတာ ကြားလိုက်ရတယ်။
သူ့လိုပဲ ရွှီရီဆရာကြီးကို လိုက်ရှာနေတဲ့ သူနှစ်ယောက်ရှိပါသေးတယ်။ တော်ဝင်မင်းသားတစ်ပါးရယ် ကောင်မလေးတစ်ယောက်ရယ်ပါ။
သူတို့သုံးယောက်ဘယ်လိုများဆုံတွေ့ကြမလဲ။ ဆရာကြီးကိုရောဘယ်လိုရှာတွေ့မှာလဲ။ ဆရာကြီးပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကရော ဘာများလဲ။ ဇာတ်ကားနာမည်မှာပါတဲ့ရှေးဟောင်းဓါး(Ancient Sword)ဆိုတာကရော ဘယ်ပုံဘယ်နည်း ပါဝင်ပက်သက်နေတာလဲဆိုတော့ ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် ဇာတ်ကားကြည့်ရင်းပဲ သိလိုက်ရအောင်လားဗျာ။
တရုတ်ကားတွေရဲ့ထုံးစံအတိုင်း CGI အလန်းဇယားနဲ့မှော်တွေရော သိုင်းတွေရော စက်ရုပ်တွေရောဆိုတော့ ထူးထူးဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်လို့ ညွှန်းပါရစေဗျာ…..Crd: Channel Myanmar
Related