ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ်ဝိန်းတစ်ယောက် crime fighting အတွက်ပဲ အာရုံရောက်လွန်းနေရာကနေတစ်နေ့ သူ့ကုမ္ပဏီကို ရောင်းဖို့ဆုံးဖြတ်လိုက်တော့တယ်။
ဒီအချိန်မှာပဲ Bat Family Member တွေဆီကို ထူးဆန်းစွာနဲ့ ဖိတ်စာတစ်စောင်စီ ရောက်လာခဲ့တော့တယ်။
ဖိတ်စာပို့တဲ့လူကလည်း သူတို့တစ်ယောက်ချင်းစီ သရုပ်မှန်တွေကို သိနေခဲ့တယ်။
ဒီအချိန်မှာပဲ ဘတ်မန်းရောင်းလိုက်တဲ့ ကုမ္ပဏီကို ဗီလိန်တစ်ယောက်က ဝယ်လိုက်ပြီးကုမ္ပဏီရဲ့ Advanced AI Technology ကို သုံးကာGotham မြို့ကြီးကို ဖျက်ဆီးဖို့ လုပ်ပါတော့တယ်။
LEGO animation ဖြစ်တဲ့အတွက် DC Character တွေကိုချစ်စရာLEGOပုံစံလေးတွေနဲ့ မြင်ရမှာပါ။
Gotham ရဲ့ Villain တွေလည်း အကုန်လုံးနီးပါး ပါဝင်ထားပါတယ်။
နောက်LEGO DC ကားအတွက် Credit Scene ကိုပါ ထည့်ထားပေးတာဆိုတော့လုံးဝကြည့်ကောင်းမယ့် LEGO ကားတစ်ကားဆိုတာ ကျိန်းသေပါတယ်…..Crd: Channel Myanmar
Related