ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖရန့်ပန်နီဟာ တာဝန်ကျတဲ့နေရာမှာ နေ့စဥ်သွား လုံခြုံရေးယူ…ဒီအချိန် ဒီနေရာ ဒီပုံစံနဲ့ နေ့စဥ်ဖြတ်သန်းနေတယ်…တစ်နေ့တော့ သူတာဝန်ကျတဲ့အနားမှာ ရဲတပ်ဖွဲ့ကအထူးစစ်ဆင်ရေးတစ်ခုလုပ်နေတာကနေ တရားခံကထွက်ပြေးသွားတယ်… ဒီတော့ သူလည်း လိုက်ဖမ်းပါတော့တယ်… တစ်ချိန်တည်းမှာပဲ သူများတွေနဲ့မတူဘဲ လူထုကိုအစစ်အမှန်တွေပဲ ချပြတဲ့ မီဒီယာသတင်းဝက်ဆိုက်တစ်ခုကို လုပ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာလည်း သတင်းရှာနေတုန်း ဒီအခွင့်အရေးကိုရသွားပါတယ်။ သွက်သွက်လက်လက်နဲ့ ဇိုးဇိုးဇွက်ဇွက်ယုံကြည်ရာကို လုပ်တတ်တဲ့ သတင်းထောက်မလေးနဲ့ ဖရန့်ပန်နီတို့ ပေါင်းမိသွားတဲ့အခါမှာတော့ အွန်လိုင်းအသုံးပြုတွေသူတွေတင်မကဘဲ နာမည်ကြီးမီဒိယာတွေကတောင် အရေးတယူနဲ့ထုတ်လွင့်ပေးရလောက်အောင်
သူတို့ဘာတွေလုပ်ခဲ့သလဲ…သူတို့လိုက်နေတဲ့အမှုကရောဘယ်လိုအမှုလဲ…တချိန်တည်းမှာပဲ ဖရန့်ပန်နီဆိုတဲ့ အဲဒီရဲအရာရှိရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိထားလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး…..Crd: Channel Myanmar
Related