ကျွန်တော်တို့ရဲ့မင်းသားကြီး Nicolas Cage ကတော့ ဇာတ်ကားရိုက်ကူးတာတွေ စိတ်လာပါတယ်။
ဒီတစ်ခါမှာတော့ သူ့ရဲ့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလထွက် Mystery/ Thriller ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားမှာ မင်းသားကြီး Nicolas Cage နဲ့ Prison Break ဇာတ်လမ်းတွဲမှာရင်းနှီးခဲ့တဲ့ မင်းသမီး Robin Tunney တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ လျှပ်စစ်နည်းပညာရှင်တစ်ဦးဖြစ်သည့် Ray ( Nicolas Cage) ဟာသူ့ရဲ့အိမ်သူသက်ထား Maggie ( Robin Tunney) နဲ့အတူစီးပွားရေးတစ်ခုစလုပ်ကြည့်ဖို့အတွက် တိုင်ပင်ပြီးမိုတယ်ဟောင်းတစ်ခုကို ဝယ်ယူလိုက်ပါတယ်။
မိုတယ်စတင်ဖွင့်လှစ်လည်ပတ်စဉ်မှာပဲ သူတို့မိုတယ်မှာထူးဆန်းတဲ့ အဖြစ်အပျက်တွေ၊ ဖြေရှင်းမရတဲ့ ကိစ္စတွေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ ဖြစ်လာပါတော့တယ်။
ဒီလိုထူးဆန်းတဲ့ဖြစ်စဉ်တွေ ဘာကြောင့်ဖြစ်လာရတာလဲ။
ဒီမိုတယ်ရဲ့ သမိုင်းကြောင်းကရော ဘယ်လိုတွေလဲဆိုတာကိုအေးဆေးနေတတ်တဲ့ Ray တစ်ယောက် စုံစမ်းမေးမြန်း ဖော်ထုတ်ဖို့ကြိုးစားလာရတဲ့အခါမှာတော့….ဘယ်လိုတွေ တွေ့ကြုံရမလဲ။ဘာတွေမြင်တွေ့ရမလဲ။
မိုတယ်ရဲ့ လျှို့ဝှက်ချက်တွေကရောဘာတွေလဲ ဆိုတာကတော့ မင်းသားကြီး Nicolas Cage ရဲ့ပရိသတ်ကြီးတွေ ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါဦး……Credit: Channel Myanmar
Related