ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို လူစီဖာနှောက်ယှက်တဲ့ရန်ကနေ ကာကွယ်ဖို့အတွက်အိန်ဂျယ်အယောက်နှစ်ရာကိုစောင့်ကြပ်သူများအဖြစ် ကမ္ဘာမြေပေါ်စေလွှတ်ခဲ့ပါတယ်။
ဒါပေမယ့် စောင့်ကြပ်သူတွေဟာ လူသားတွေကို သွေးထိုးပြီးစစ်ပွဲတွေ မငြိမ်းချမ်းမှုကိုဖြစ်စေတဲ့အတွက် ဘုရားသခင်က ကမ္ဘာကြီးကို ရေနှစ်မြှုပ်သန့်စင်ခဲ့ပြီး စောင့်ကြပ်သူတွေကိုလည်းကျောက်ရုပ်တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒါပေမယ့် လူစီဖာဟာ စောင့်ကြပ်သူအစ်ဇီရယ်ကို ကယ်တင်ခဲ့နိုင်ခဲ့ပြီးနတ်ဆိုးဆင်မြူဇာကိုလွတ်မြောက်အောင်လုပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။
ဆင်မြူဇာကိုလွတ်မြောက်စေနိုင်တာက ဘုရားသခင်ကို ပုန်ကန်ခဲ့သူဂျုဒပ်စ်နောက်ဆုံးမျိုးဆက်ရဲ့ သွေးပဲဖြစ်ပါတယ်။
မိဘမဲ့အဖြစ် ကြီးပြင်းလာခဲ့ရတဲ့ အထက်တန်းကျောင်းသူလေးဖြစ်တဲ့လစ်ဇီတစ်ယောက် ကမ္ဘာကြီးရဲ့အဆုံးသတ်ကသူ့လက်ထဲမှာရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်….. Crd: Channel Myanmar
Related