ဒီကားထဲမှာတော့ divergentတို့insurgentတို့ရဲ့မင်းသား Theo James က အနုပညာလက်ရာတွေကိုခိုးတဲ့သူတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။
အနုပညာကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့အိုင်ဗန်ဟာသေသွားတဲ့သူ့အဖေအလုပ်လုပ်ခဲ့တဲ့ပန်းချီမှောင်ခိုလောကရဲ့သူဌေးကြီးလက်အောက်မှာအလုပ်လုပ်ရင်းပိုက်ဆံရှာနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမယ့်အချိန်ကြာလာတဲ့အခါဒီအလုပ်နဲ့ရှေ့မဆက်ချင်တော့တာကြောင့်ရပ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း အရင်လုပ်ထားတဲ့အလုပ်တွေရဲ့ပိုက်ဆံကိုသူဌေးကြီးကမလွှဲချင်တာကြောင့်အိုင်ဗန်ကိုဘယ်လိုတွေဒုက္ခပေးမလဲ။
အိုင်ဗန်ကရောဘယ်လိုအနိုင်ယူမလဲ။
တစ်ချိန်ထဲမှာပဲအရင်တုန်းကအတိတ်မကောင်းခဲ့တာကြောင့်ရုပ်ရှင်မင်းသမီးဘဝကနေလိမ်လည်တဲ့သူတစ်ယောက်ဖြစ်လာတဲ့မင်းသမီးနဲ့ဆုံတဲ့အခါမှာ သူတို့နှစ်ယောက်ပေါင်းပြီးသူဌေးကြီးနဲ့မင်းသမီးကိုဒုက္ခပေးခဲ့တဲ့ထုတ်လုပ်သူကိုဘယ်လိုတွေနှိပ်ကွပ်မလဲဆိုတာ မင်းသမီးလှလှလေးရဲ့အကွက်လှလှလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်…..Crd: Channel Myanmar
Related