Rating 6.6 ရရှိထားတဲ့ကားဖြစ်ပါတယ်….
ဒီကားကတော့ မက်ဒလင်း ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူက နည်းနည်းလဲ စိတ္တဇဆန်ဆန်ဖြစ်နေပြီးသူ့အမေကိုလဲ မထင်ရင်မထင်သလို ရိုက်တာတွေ၊ ကုတ်တာတွေ၊အဲ့လိုမျိုးတွေလုပ်တတ်ပါတယ် အထူးသဖြင့်သူ့ကိုဆူတာမျိုးတို့ ဘာတို့ဆိုရင်ပေါ့။
သူပျော်တာကတော့ စိတ္တဇဆန်ဆန် ပြဇာတ်တွေ ကပြလေ့ရှိတဲ့အဖွဲ့မှာ ပါဝင်ရတာပါ။ အဲ့က နည်းပြဆရာမနဲ့လဲ တော်တော်ခင်ပါတယ်။ ဆရာမကလဲ မက်ဒလင်းပြောပြတဲ့ သူ့ဇာတ်ကြောင်းတွေကို ပြဇာတ်လုပ်လေ့ရှိပါတယ်။
နောက်ပိုင်း မက်ဒလင်း၊ သူ့အမေ၊ နည်းပြဆရာမနဲ့ သူ့ပြဇာတ်တိုက်ဖော်တွေကြားဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့…..ဒီဇာတ်လမ်းလေးက တစ်မျိုးလေးဆန်းပြီး ပုံမှန်နဲ့ကွဲထွက်နေတဲ့ပုံမျိုးလေးပါ….Crd: Channel Myanmar
Related