ဒီကားလေးက အကြည်ထွက်ထားတာတော့ နည်းနည်းကြာပါပြီ သရုပ်ဆောင်အသစ်တွေဆိုပြီး မကြည့်ဘဲပစ်ထားလိုက်တာ ဒီရက်ပိုင်းအားလို့ပြန်ကြည့်လိုက်တော့ ဇာတ်လမ်းလေးလည်းကောင်းသလို သရုပ်ဆောင်တွေလည်း မဆိုးလှဘူး CM က ဘောလီဝုဒ်ပရိသတ်တွေကြည့်လို့ရအောင် ဘာသာပြန်ပေးလိုက်တယ်ဗျ

ဇာတ်လမ်းအကျဉ်းလေးကတော့ … ပတ်ဝန်းကျင်မှာ လူဆိုးလူမိုက်ဆိုပြီး အော်ကျော့လန်နေတဲ့ အရပ်ထဲကချဉ်ဖက် ဗီဂျေးဆိုတဲ့ကောင်လေးတစ်ကောင်ရှိတယ် ပညာရေးလည်း မအောင်မြင် အလုပ်လည်း မယ်မယ်ရရမရှိ  မိသားစုတွေ ပတ်ဝန်းကျင်ကလူတွေအဖို့ သူက အရှုံးသမားတစ်ယောက်ဖြစ်ပေတယ်  အဲ့ဒိလိုအရှုံးသမား ဗီဂျေးရဲ့ဘဝကို အပြောင်းလဲတစ်ခု မထင်မှတ်ဘဲဝင်ရောက်လာပါတယ်  အဲ့ဒိအပြောင်းအလဲရဲ့အမည်က အာစသာတဲ့ ဟုတ်ပါတယ်  ဗီဂျေးတစ်ယောက် အာစသာကိုစတွေ့ကတည်းက သူ့ဘဝဟာဘယ်လိုပြောင်းလဲသွားသလဲဆိုတာ  သူတို့အချစ်ဇာတ်လမ်းလေးကိုပဲ ခံစားကြည့်လိုက်ကြပါတော့  အားလုံးပဲ အချစ်ကြောင့် ကောင်းသောပြောင်းလဲခြင်းများဖြင့် ကြုံတွေ့နိုင်ကြပါစေ  (မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို မပြောင်းလဲပေးနိုင်ပါဘူး သူ(မ)ကိုချစ်တဲ့အချစ်တွေက ပြောင်းလဲပေးလိုက်တာပါ) Crd: CM