ယောက်ျား … မနာဘူးကွလို့ ပြောကြတယ်မဟုတ်လား…အင်းဗျာ သူတို့ကို ဘာပြန်ပြောရမလဲ မနာမကျင်ဘူးဆိုတာ စူပါပါဝါတော့မဟုတ်ဘူး..ရောဂါတစ်မျိုုးပါ။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီရောဂါကို ကျွန်တော်ခံစားနေရလို့ပဲ။ ကျွန်တော့်နာမည်ဆူရီယားပါ။ မွေးရာပါဝေဒနာကိုမခံစားနိုင်တဲ့ရောဂါဖြစ်နေတယ်ဗျ။ ဦးနှောက်အာရုံကြောနဲ့ဆိုင်တဲ့ရောဂါပဲ၊ ရှားပါးရောဂါပေါ့။ နောက်မှ ဂူးဂဲလ်မှာရှာကြည့်လိုက် ကလေးသေးသေးလေးဘဝကတည်းကတခြားကလေးတွေနဲ့မတူဘဲ ကျွန်တော်ဟာ နာကျင်မှုကိုဘာမှန်းမသိရတဲ့အတွက် အိပ်ရင်တောင် ခြေတွေ၊ လက်တွေကြိုးတုပ် မျက်မှန်ကြီးတပ်ပေးထားကြတာဗျ။
တခြားကလေးတွေဟာ သိသင့်သိထိုက်တာတွေကိုသင်ကြားနေရတဲ့အချိန်မှာ ကျွန်တော်ကတော့ ထိခိုက်မှုတစ်ခုဖြစ်တိုင်း“အို့”လို့အသံထွက်ဖို့ကို လေ့ကျင့်နေရတယ်။ ဘယ်နေရာကိုပဲထိခိုက်ထိခိုက်အို့လိုအော်ပြရတယ်။ ဒါပေမဲ့ နာလို့တော့မဟုတ်ပါဘူး။ အဲ့ဒီလိုထူးဆန်းတဲ့ကျွန်တော်ဟာအဖိုးကျေးဇူးနဲ့ အက်ရှင်ကားတွေအများကြီးကြည့်ခွင့်ရပြီး နာမည်ကျော်ဖိုက်တာတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ လူတစ်ရာကိုအနိုင်ဖိုက်တဲ့ကရာတေးသမားကြီးရဲ့ ဗီဒီယိုမှတ်တမ်းကိုကြည့်ပြီး တချိန်ကျရင် ကရာတေးဆရာကြီးဖြစ်ရမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါကျွန်တော်ဖြစ်ချင်တဲ့ရည်မှန်းချက်အနောက်ကိုလိုက်ရင်းဘယ်လောက်တွေကြမ်းပြမလဲဆိုတာ အားလုံးပဲဆက်ကြည့်လိုက်ကြပါတော့ …..ဘောလီဝုဒ်ကားကောင်းတွေမျှော်နေတဲ့ပရိသတ်ကြီးအတွက်တော့ဒီကားဟာ လက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါပဲ။ ဟာသ/ အက်ရှင်ကားဖြစ်တဲ့အတွက်ကြောင့် မိသားစုနဲ့ပါအေးအေးလူလူကြည့်လို့ရပါတယ်။ ဒါပေမဲ့ ချာတိတ်တွေကိုတော့ ဒီကားပြပြီးရင် ဂရုစိုက်ပါနော်။ ဒီဇာတ်ကားထဲက ဆူရီယားလိုလိုက်လုပ်နေကြရင် ဒုက္ခရောက်ပါလိမ့်မယ်။ ဘာလို့ဆို ကျွန်တော်တို့က ယောက်ျားပေမယ့် နာကျင်တတ်ကြလို့ပါ …Crd: Channel Myanmar
Related