ဒီတစ်ခေါက်တော့ ပရိသတ်ကြီးအတွက် ခြောက်ခြားစရာလျှို့ဝှက်ဆန်းကြယ်တဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Mary(2019)ပါ။လတ်တလော အသစ်ထွက်ရှိလာတဲ့ဒီကားလေးကတော့ Horror Movieတွေကို
ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။တစ်နေ့မှာတော့ ပင်လယ်ထဲမှာ လူသူအရိပ်အယောင်မရှိပဲဒီတိုင်းမြောပါလာတဲ့ရွက်လှေတစ်စီးကို ကမ်းခြေစောင့်တပ်ဖွဲ့ကရှာဖွေတွေ့ရှိတာကနေ ဇာတ်လမ်းကစပါတယ်။ သင်္ဘောပေါ်မှာ ပစ္စည်းပစ္စယတွေ ခြေရာလက်ရာတစ်ခုမှ မပျက်ပေမယ့် လူသူအရိပ်အယောင်ကတော့ လုံးဝမတွေ့ရပါဘူး။တစ်နေ့မှာတော့ အဲဒီသင်္ဘောကို မိသားစုတစ်စုက ဝယ်လိုက်ပါတော့တယ်။ကိုယ်ပိုင်သင်္ဘောနဲ့ ခရီးတွေထွက်မယ်လို့ ရည်မှန်းထားတဲ့ဒီမိသားစုက သင်္ဘောကိုပြုပြင်ပြီး ခရီးထွက်တဲ့အခါဘာတွေဖြစ်လာမှာလဲ?အရင်တုန်းက လူတွေကရော ဘာလို့ကြက်ပျောက်ငှက်ပျောက်သွားကြတာလဲ? သင်္ဘောရဲ့နောက်ကွယ်က အဖြစ်မှန်ကိုတဖြည်းဖြည်းသိလာချိန်မှာဒီမိသားစု ဘယ်လိုဆက်လုပ်မလဲ? ဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့်ကားလေးပါ။သည်းထိတ်ရင်ဖိုပရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဒီကားလေးကတော့ Mary (2019)ပါ…… Crd: Channel Myanmar
Related