အရင်တစ်ခေါက်က Divine Fury ကြည့်ပြီး ပါဝါရိန်းဂျားဆန်သွားလို့ သိပ်ပြီးတော့ အားမရလိုက်တဲ့သူတွေအဖို့ ဒီကားက တော်တော်အားရကျေနပ်စေမှာပါ။
ကိုရီးယားက မိတ်ကပ်နဲ့ရိုက်ကူးမှုအပိုင်းမှာ အားသာပြီးသားမို့လို့ ကြည့်ရကောင်းမှာသေချာပြီးသားဆိုပေမယ့် ဇာတ်လမ်းကပါ
ကောင်းတော့ ကြည့်ရတာ တော်တော်တန်တဲ့ ကားတစ်ကားဖြစ်သွားပါတော့တယ်။
နတ်ဆိုးနှင်တဲ့ကားပါပဲ၊ ဒါပေမယ့် ရိုက်တာပီပြင်လွန်းလို့ ကိုယ်ပါအဲ့နားရောက်နေသလိုပါပဲ။
ထမင်းစားနေတုန်းတော့ မကြည့်ပါနဲ့ သွေးအလိမ်းလိမ်းနဲ့ တကယ်ဖြစ်နေသလိုကြီးကို ပီပီပြင်ပြင်ရိုက်ထားတာမို့လို့ပါ။
ခရစ်ယာန်နတ်ဆိုးနှင်တဲ့ ဘုန်းကြီးတစ်ယောက်ရဲ့အလုပ်ဟာ ဘဝတစ်ခုလုံးပေးပြီးတော့ လုပ်ရတဲ့အလုပ်ပါ။
ဒီလိုမျိုးမှာကိုမှ ကိုယ့်မိသားစုထဲကိုပါ နတ်ဆိုးတစ်ကောင်က ရောက်လာရင်တော့ ဘယ်လိုစိတ်အခြေအနေနဲ့နှင်ရမှာပါလဲ။
ပြီးတော့ နာမည်နဲ့လိုက်အောင် ဒီကားထဲကနတ်ဆိုးက ရုပ်ပြောင်းရုပ်လွှဲနဲ့ဝင်တာပါ။
ပြောရင်းနဲ့ စပွိုင်းမိမှာစိုးလို့ ဒီလောက်ပဲပြောလိုက်ပါတော့မယ်
ကျန်တာကိုတော့ ဆက်ကြည့်လိုက်ပါတော့………Crd: Channel Myanmar
Related