Metro Manila ရုပ်ရှင်ဇာတ်ကားဟာ 2013 ခုနှစ်ကထွက်ရှိထားတဲ့ British ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ်
IMDb 7.6 , Rotten tomatoes 94%ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ
ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Jake Macapagal,John Arcilla,Althea Vega တို့အဓေိကပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့
Banaue မှာနေထိုင်တဲ့လယ်သမားလေး Oscar တစ်ယောက် စီးပွားရေးမကောင်းတာကြောင့် ဇနီးနဲ့သားသမီး ၂ယောက်ကိုခေါ်ကာ Manila မြို့ကြီးဆီပြောင်းရွှေ့လာပါတယ် သို့သော်အလိမ်ခံရတာကြောင့် တိုက်ခန်းပြောင်းပေးရပြီး ဆင်ခြေဖုံးရပ်ကွက် လေးဆီပြောင်းရွှေ့နေထိုင်ရပါတော့တယ် ကံကောင်းထောက်မပြီး Oscar တစ်ယောက် ကုမ္ပဏီတစ်ခုမှာ လုံခြုံရေးအရာရှိအနေနဲ့အလုပ်ရခဲ့ပါတယ် လုပ်ဖော်ကိုင်ဖက် Ong ကလည်း မိသားစုပြောင်းရွှေ့နေထိုင်ဖို့ တိုက်ခန်းတစ်ခန်းစီစဉ်ပေးခဲ့ပါတယ် သို့သော် ဒါတွေက တစ်ကယ်ပဲကံကောင်းခြင်းတွေလား……Ong ကရောလုပ်ဖော်ကိုင်ဖက်ကောင်းလား…..သူတို့မိသားစုမြို့ကြီးမှာဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုသူတို့ခံစားကြည့်လိုက်ပါဦး