ဒီဟောင်ကောင်ဇာတ်ကားလေးကတော့ ဟောင်ကောင်လူနေမှုဘဝနဲ့ ပုံစံတွေသာမက သူငယ်ချင်းဟူသောအဓိပ္ပါယ်ကို ပေါ်လွင်အောင်ဖော်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်ကားအကြောင်းအရာကတော့ ဇွန်လမ်က သူ့သူဌေး သူ့သားအတွက် ထားထားတဲ့ နို့ဗူးကို ကော်ဖီမှာထည့်ပြီး ရင်းနှီမြုပ်နှံသူကိုဖျော်တိုက်လိုက်မိတယ်။
အဲ့နို့ဗူးကို ပြန်လည်အစားထိုးဖို့ရှာဖွေရာတွေ ဘယ်လိုဖြစ်ပျက်မယ်၊ ပြီးတော့ သူငယ်ချင်းကြားအထင်လွဲမှုတွေ ဘယ်လိုဖြေရှင်းနိုင်မလဲ၊ ပြီးတော့ တကယ်ပဲ ပြန်အစားထိုးနိုင်မှာလား အလုပ်ပြုတ်မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာ အတူတူရင်ခုန်စွာ စောင့်ကြည့်ကြပါစို့နော်…..Crd: Channel Myanmar
Related