ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2019 March လမှာ ထွက်ရှိထားတဲ့ IMDb Rating – 4.9/10 ရရှိထားတဲ့ comedy, thriller အမျိုးအစား ဇာတ်ကားကောင်းလေးပါ။
အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ဂျိမ်းစ်နဲ့ အိုအင်တို့ဟာ အိမ်ထောင်ရေးကိစ္စမှာ အဆင်မပြေကြတဲ့ သူငယ်ချင်း၂ယောက်ပါ။
တစ်ရက်မှာတော့ တင်မီသောမတ်စ်ဆိုတဲ့လူတစ်ယောက်နဲ့ အမှတ်မထင် သိကျွမ်းသွားပြီးနောက် မြင်းပြိုင်ပွဲမှာ သေချာပေါက်အနိုင်ရရှိမယ့် Misty Button ဘက်ကနေ သူတို့၂ယောက်ကို ဒေါ်လာ၁သောင်း မြင်းလောင်းခိုင်းခဲ့ပါတယ်။
ဒါပေမယ့် သူငယ်ချင်း၂ယောက်က ပိုက်ဆံတွေကို တလွဲသုံးလိုက်ပြီး အမှားလုပ်လိုက်တဲ့အချိန် အဲ့ပိုက်ဆံတွေက သူတို့ထင်သလိုမျိုးမဟုတ်ဘဲ တခြားလူဆိုးတစ်ယောက်ရဲ့ပိုက်ဆံတွေဖြစ်နေတဲ့အခါ………
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာသိဖို့ ဒီဇာတ်ကားထဲမှာ စီးမျောလိုက်ကြပါဦး……Credit: Channel Myanmar
Related