2017 May 2 ကထွက်ရှိခဲ့တဲ့ Money Heist( စပိန်လိုကတော့ La casa de papel သို့
The Paper House ) လို့ခေါ်တဲ့
ဒီစီးရီးဟာဆိုရင် Spain နိုင်ငံမှာ
နာမည်ကြီးလူကြိုက်များခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။
ထူးခြားတာကတော့ ဒီစီးရီဟာ Limited series ဖြစ်ပါတယ်။
ဒီစီးရီးကို ဖန်တီးခဲ့တဲ့သူကတော့ Lex Pina ဖြစ်ပြီးတော့
အစောပိုင်းကတော့ စပိန်ရုပ်သံလိုင်းတခုဖြစ်တဲ့ Antena 3 အတွက်
ဖန်တီးရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီစီးရီးမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ
ပါဝင်ရိုက်ကူးထားတာဖြစ်လို့ သဘောကျမှာအသေအချာပါပဲ
နောက်ပိုင်းမှာတော့ ဒီကားဟာ စပိန်တလွှားမှာ
နာမည်ကျော်သွားတဲ့အတွက် နာမည်ကြီးNetflixကနေ
တာဝန်ယူဖြန့်ချိပေးခဲ့ပါတယ်။
ဒီseries အမျိုးအစားလေးကတော့ Action , Thriller, Crime , Mystery
ပေါင်းပြီးခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။
ဒီseries ရဲ့ Theme songဟာဆိုရင်တော့ “My life is going on”
ဖြစ်ပြီးတော့ ဒီသီချင်းဟာဆိုရင်ဒီseries ကိုတစ်ပိုင်းလောက်စကြည့်ပြီးတာနဲ့
စိတ်ထဲမှာ ခံစားမှုတခုပေးနိုင်လောက်တဲ့အထိ
စွဲဆောင်နိုင်ပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းဟာ ဆိုရင်တခြားဘဏ်ဓားပြတိုက်တဲ့ကားတွေနဲ့
ခွဲထွက်နေတဲ့စီးရီးဖြစ်ပါတယ်။
ဒီSeriesမှာ ပရောဖက်ဆာလို့ ခေါ်ကြတဲ့ အလွန်ဉာဏ်ကောင်းပြီး
အကွက်ကျကျစီစဉ်ပြီးမှ လုပ်တဲ့လူက
တခြားနယ်ပယ်အသီးသီးကကျွမ်းကျင်ရာဇဝတ်သားတွေနဲ့
ပူပေါင်းပြီးတော့ သမိုင်းမှာစံချိန်ချိုးရလောက်တဲ့အထိကြီးမားတဲ့
ယူရို သန်း၂၄၀၀ကိုယူဖို့ရာဇဝတ်မှုကျူးလွန်ကြတာတွေ
ရဲတွေကြားမှာဘယ်လိုထောင့်စိအောင်
အစီအစဉ်တကျအကွက်ကျကျမျက်လှည့်ပြသလိုလုပ်ပြီး
ဥပဒေကိုလက်တစ်လုံးခြားဆောင်ရွက်သွားတာတွေကို
ရင်သပ်ရှုမောဖွယ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ် …..Crd: Channel Myanmar
Related