သဲထိပ်ရင်ဖို သွေးသံရဲရဲနဲ့ ဇာတ်ကားတွေတွေကို ခုံမင်တဲ့ ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးမှာက Mr.Claus ဆိုတဲ့ကားလေးပါ။
ခရစ်စမတ်ဆိုတာနဲ့ စန်တာကလော့စ်ဖိုးဖိုးကြီးရယ် လက်ဆောင်တွေနဲ့ ပျော်ဖို့ကောင်းတာတွေပဲ ပြေးမြင်မှာပေါ့နော်။
ဒီကားထဲက ကျောင်းသူတွေနေတဲ့အိမ်ကြီးမှာတော့ ခရစ်စမတ်တစ်ညမှာ ခြောက်ခြားစရာတွေ ဖြစ်ပျက်ခဲ့ပြီးထဲက ခရစ်စမတ်ပွဲမကျင်းပတော့ပါဘူး။
နောက် ၁၀ နှစ်ကြာတဲ့ အဲ့အိမ်ကြီးမှာပဲ ကျောင်းသားတစ်စုက ခရစ်စမတ်ပါတီ ကျင်းပဖို့ပြင်ဆင်ကြပါတော့တယ်။
ဒီကျောင်းသားတွေရော ခရစ်စမတ်ညမှာ ဘာတွေကြုံတွေ့ရမလဲ။ သူတို့ထဲက ကောင်မလေးတစ်ယောက်ကရော အတိတ်အဖြစ်ဆိုးထဲက လူတွေနဲ့ ဘယ်လိုပက်သက်နေလဲ။
ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်က ဘယ်သူလဲဆိုတာကို သွေးသံရဲရဲခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ……Crd: Channel Myanmar
Related