မက္ကဆီကိုကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေး နာမည်ကတော့ Museo (2018) ပါ။
၆၈ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Silver Bear for Best Screenplay ဆုကို ဆွတ်ခူးရရှိထားတဲ့ကားလေးပါ။
Ratingတွေ အနေနဲ့ကလဲ Imbd Rating 7.3/10 နဲ့ Rotten Tomatoes 89% တောင် ရရှိထားတာမလို့ ကားကောင်းလေးတစ်ကားဆိုတာကို အထွေအထူး ညွှန်းနေစရာမလိုလောက်ပါဘူး။
ကားကောင်းလေးတစ်ကားဆိုတာ သိပေမယ့် ကိုယ့်အကြိုက်နဲ့တူမတူဆိုတာကို သိရှိနိုင်ဖို့ ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးချင်ပါသေးတယ်။
ဒီဇာတ်လမ်းလေးကို Narratorတစ်ဦးက ပြန်ပြောပြနေတဲ့ပုံစံနဲ့ စတင်ထားပါတယ်။
ဂျူအန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အများနည်းတူ အသက်ရှင်နေထိုင်ရမှာကို စိတ်ပျက်နေသူတစ်ဦးပါ။ တစ်ခုခု ထူးခြားသွားအောင် လုပ်ပြလိုက်ချင်ပေမယ့် ဘာလုပ်ရမှန်းမသိတဲ့ သူလိုကိုယ်လို ကောင်လေးတစ်ယောက်ပေါ့။
တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူနဲ့ အပြောင်းအလဲတစ်ခုခုကိုစတင်ကြမယ်ဆိုပြီး ပြတိုက်ကိုဝင်ခိုးပါတော့တယ်။ ခိုးရာပါအနုပညာလက်ရာတွေကို ထုခွဲရောင်းချပြီး သူ့ကိုလှောင်ပြောင်အထင်သေးတဲ့ မိသားစုနဲ့ ဝေးရာ ထွက်သွားတော့မယ်လို့ ကြံရွယ်ပေမယ့် သူထင်တဲ့အတိုင်းဖြစ်လာပါ့မလား?
ဒီပစ္စည်းတွေနဲ့ သူဘာဆက်လုပ်မလဲ? သရဲကားမဟုတ်သလို စွန့်စားခန်းဖွင့်တဲ့ကားမျိုးလဲ မဟုတ်ပေမယ့် သိပ်ကောင်းတဲ့ Drama ကားကောင်းပါ။ ရိုးရှင်းတဲ့ဇာတ်အိမ်ကိုမှ ရင်ခုန်လှုပ်ရှားပြီး စောင့်ကြည့်ရတဲ့ ကားကောင်းလေးလို့ပဲညွှန်းပါရစေ……Crd: Channel Myanmar
Related