Nancy Drew လို့ဆိုလိုက်တာနဲ့ သွက်လက်ချက်ချာပြီး သတ္တိရှိတဲ့ ကလေးစုံထောက်မလေးကို ပြေးမြင်မိကြမှာပါ။
သူမအကြောင်းရေးသားထားခဲ့တဲ့ ဝတ္တုတွေဟာလဲ အထူးကျော်ကြားအောင်မြင်ခဲ့သလို ဇာတ်လမ်းပြန်လည်ရိုက်ကူးခဲ့ရာမှာလဲအောင်မြင်ခဲ့ပြန်ပါတယ်။
အခုလဲ အားလုံးရဲ့အချစ်တော် Nancy Drew ကို ခေတ်အမြင် ခေတ်အသွင်နဲ့ ကြည့်ရှုခံစားနိုင်ဖို့ရာလောလောလတ်လတ်ထွက်ရှိလာတဲ့ Nancy Drew and The Hidden Staircase (2019)ကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
Imdb Rating 5.8/10 နဲ့ Rotten Tomatoes 70%တော်ရရှိထားတဲ့ ဟောဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းကိုလဲ တင်ပြလိုပါသေးတယ်။
မိခင်ဖြစ်သူကွယ်လွန်သွားတဲ့နောက်မှာ နန်စီဒရူးနဲ့ သူမဖခင်ဖြစ်သူတို့ ရေးဗားဟိုက်စ် ဆိုတဲ့ မြို့လေးကိုရွေ့ပြောင်းလာပါတယ်။အဲဒီမြို့လေးမှာဖြစ်နေတာကတော့ Twin Elms ဆိုတဲ့အိမ်မှာ သရဲအကြီးအကျယ်ခြောက်တာပါပဲ။
အရာရာမှာစပ်စပ်စုစုနဲ့ ထက်မြက်တဲ့ နန်စီဒရူးအဖို့တော့ ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။
အဆိုပါ သရဲခြောက်တဲ့ပြဿနာကို နန်စီဒရူးတစ်ယောက် မနေနိုင်မထိုင်နိုင်ဝင်ပါရင်း ဘာတွေဆက်ဖြစ်မလဲ? သူဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ ပေါ့ပေါ့ပါးပါးစုံထောက်ကားလေးတွေကိုကြည့်ရှုသူတွေအတွက်တော့အကြိုက်ဖြစ်စေမယ့် Nancy Drew and The Hidden Staircase (2019)ကို တင်ဆက်ပေးလိုက်ရပါတယ်…..Crd: Channel Myanmar
Related