ဒီ Animation ဇာတ်ကားလေးကတော့ Netflix မှာ ထုတ်လွှင့်ပြသခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးတစ်ကားပါ။ ဒီရုပ်ရှင်ကို စက်တင်ဘာ၇ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပြီး လူကြိုက်အတော်များပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ မေ ဆိုတဲ့ကောင်မလေးဟာ သူငယ်ငယ်ကတည်းက အဖေနဲ့အမေ ကွဲသွားတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူဖြစ်ပြီး အဖေကိုလွမ်းတဲ့စိတ်၊ နာကျည်းတဲ့စိတ်နဲ့ ကြီးပြင်းလာခဲ့ပါတယ်။
အမေဖြစ်သူကလည်း ယောကျ်ားနဲ့ကွဲကွာသွားပြီးတဲ့နောက် စက်ရုပ်တွေက သူ့အတွက်စိတ်ထွက်ပေါက်လို့ ခံယူခဲ့ပြီး သမီးထက် စက်ရုပ်တွေကိုပိုအလေးပေးခဲ့ပါတယ်။ မေ က ဒီအချက်တွေကြောင့် စက်ရုပ်တွေကို စိတ်နာမုန်းတီးနေပြီး စက်ရုပ်တွေအပေါ် အရမ်းအားကိုးအားထားပြုလွန်းတဲ့ လူတွေကိုအလိုလိုမုန်းတီးနေခဲ့တာပါ။
တစ်ဖက်မှာလည်း Gen 6 Q-Bots စက်ရုပ်တွေက လူတိုင်းမရှိမဖြစ် လိုချင်တဲ့အိမ်သုံးစက်ရုပ်လေးတွေ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီစက်ရုပ်တွေကို တီထွင်သူကတော့ ဒေါက်တာတန်နာရိုက်စ်ဖြစ်ပြီး သူဟာ ဒီ Gen 6စက်ရုပ်တွေကို အလွဲသုံးစားလုပ်မယ့် CEO ကြီး ဂျက်စတင်ပင်ရဲ့အန္တရာယ်ကို သိရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူက Q-Bots တွေထက် ပိုအဆင့်မြင့်တဲ့ စက်ရုပ်တစ်ရုပ်ကို တိတ်တခိုးဖန်တီးခဲ့ပြီး အဲ့ဒီစက်ရုပ်နဲ့ မေ တို့ အမှတ်မထင်တွေ့ဆုံသွားတဲ့အခါ…..ဘာတွေဆက်ဖြစ်ကြမလဲ၊ ဂျက်စတင်ပင်ရဲ့ အစီအစဉ်ကဘယ်လိုလဲအပြင် ဒေါက်တာရိုက်စ်ရဲ့ စက်ရုပ်က ဘယ်လိုစက်ရုပ်မျိုးလဲဆိုတာတော့ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြည့်ရှုလိုက်ပါ။
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် ဇာတ်သိမ်းခန်းလေးက ရင်နင့်စေမှာမို့ကြည့်သင့်တဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…..Crd: Channel Myanmar
Related