IMDb….6.3, ၂၀၁၉ ထွက် ခရစ္စမတ်နောက်ခံနဲ့ ရိုက်ကူးထားတဲ့ Fantasy, Comedy ဇာတ်ကားလေးပါ။
Pitch Perfect ဇာတ်ကားက မင်းသမီးချော Anna Kendrick က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Santa Claus တစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားတော့ သူ့ရဲ့သားဖြစ်သူ Kringle မျိုးရိုးရဲ့ အကြီးဆုံးသား Nick Kringle က Santa Claus နေရာကို ဆက်ခံဖို့အတွက် ပြင်ဆင်ရပါတော့တယ်။
အဲဒီလိုပြင်ဆင်ရင်း Nick တစ်ယောက် စိတ်ဖိစီးမှုတွေများနေတဲ့အတွက် ညီမဖြစ်သူ Noelle က ပိတ်ရက်အပန်းဖြေခရီးသွားပြီး အနားယူဖို့အကြံပေးလိုက်ရာမှာ Nick တစ်ယောက်ထွက်သွားပြီး ပြန်မလာတဲ့အတွက် Santa နေရာက လစ်လပ်နေပါတယ်။
အဲဒီကိစ္စကိုဖြေရှင်းဖို့အတွက် အနားယူဖို့ အကြံပေးလိုက်တဲ့ Noelleတစ်ယောက် သူ့မှာ တာဝန်ရှိတယ်လို့ ယူဆပြီး အစ်ကိုပျောက်ရှာပုံတော်ဖွင့်ပါတော့တယ်။
သူ့အစ်ကိုကိုရှာရင်း ဘယ်လိုအလွဲတွေဖြစ်မလဲ၊ ခရစ္စမတ်အမီ Santa ကို တွေ့နိုင်ပါမလားဆိုတာကို IMDB Rating 6.3 ရထားတဲ့ ဒီကားလေးမှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ကြည့်လိုက်ပါတော့…..Crd: Channel Myanmar
Related