Norm of the North (2016), Norm of the North:Keys to the Kingdom (2018) တို့ရဲ့နောက်ဆက်တွဲ Norm of the North: King Sized Adventure လာပါပြီ။
အာတိတ်ဒေသမှာဘုရင်ဖြစ်နေတဲ့ Norm တစ်ယောက် အသက်ကြီးမှမင်္ဂလာထပ်ဆောင်တဲ့ အဘိုးရဲ့ မင်္ဂလာပွဲကို ဦးစီးလုပ်ရမှာပါ။
အလွဲလွဲအချော်ချော်ဖြစ်နေတတ်တဲ့သူ့ကို သူ့အဘိုးက အရုဏ်ဦးမြောက်ပိုင်းအလင်း ပေါ်လာတဲ့အချိန်မှာလုပ်မယ့် မင်္ဂလာပွဲမှာ နောက်မကျအောင် ကတိပေးခိုင်းပါတယ်။
ကတိတစ်လုံးဆိုတာ လူတစ်ယောက်အနေနဲ့တင်မဟုတ်ဘဲ ဘုရင်တစ်ပါးအနေနဲ့ ပေးတဲ့ ကတိဖြစ်လို့ တည်ဖြစ်အောင် တည်ပါမယ်လို့ ကတိပေးထားပြီးမှလေယာဉ်ပျက်လာတဲ့ ပရော်ဖက်ဆာတစ်ယောက်ပေးတဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းလေးကို တရုတ်ပြည်ကို ပို့ပေးပါမယ်လို့ ကတိထပ်ပေးလိုက်ပါတယ်။
Norm ကတိကို တည်ဖို့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းကို တရုတ်ကို ရောက်အောင်ပို့ပေးနိုင်ပါမလား။ ပို့ပေးနိုင်ရင်ရော သူ့အဘိုးကို ပေးထားတဲ့ မင်္ဂလာအချိန်ကို အချိန်မီပြန်နိုင်ပါမလား။ ရယ်ရင်းနဲ့ကြည့်လိုက်ပါတော့…… Crd: Channel Myanmar
Related