2019 ထွက် Imdb 5.7 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒရာမာ ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းလေးကတော့ ဒီကားလေးဟာ ကောင်လေးတစ်ယောက်ရဲ့ မလုပ်ဖြစ်နိုင်တဲ့ ကလဲ့စားချေခြင်းအကြောင်းလေးကိုရေးထားပါတယ်။
ကောင်လေးတို့မိသားစုရဲ့တိုက်ဟာဖျက်ခြင်းခံရတော့မှာမို့ ပြောင်းရွှေ့ကြေးညှိနှိုင်းပေးတဲ့ လုကျေ့ကျန်းရောက်လာခဲ့ပါတယ်။
လုကျေ့ကျန်းဟာ ပြောင်းရွှေ့ကြေးကို အဆမတန်နှိမ်ပြီးပေးတဲ့အတွက် ကောင်လေးရဲ့ဖခင်ဟာ စိတ်မထိန်းနိုင်ပဲသေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ကောင်လေးမှာ ဖခင်အတွက် ကလဲ့စားချေချင်စိတ်တွေဖြစ်လာပြီး လုကျေ့ကျန်းရဲ့အိမ်ကို မှန်ပြောင်းတစ်လက်နဲ့ချောင်းကြည့်ပါတော့တယ်။ ဒီလိုနဲ့လုကျေ့ကျန်းရဲ့သမီး ငနုံမလေးကိုတွေ့ရာကနေ …ဘယ်လိုတွေဆက်ဖြစ်လာမလဲ.. ဇာတ်အိမ်အေးအေးလေးနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..တွေးကောင်းတဲ့ဇာတ်ကားပုံစံမျိုးဖြစ်ပါတယ်…..Crd: Channel Myanmar
Related