Inno Tech ကုမ္ပဏီရဲ့အရောင်းကိုယ်စားလှယ်မလေးဆယ်ရာ အလုပ်မှာပြဿနာဖြစ်ပြီး ထွက်လာရတယ်။
single mother ဖြစ်တဲ့ဆယ်ရာတစ်ယောက်အိမ်အသစ်ကလဲ ပူပူနွေးနွေးကြီးဝယ်ရတော့မယ်။ ထိန်းကျောင်းရမယ့်သားတစ်ယောက်ကလဲရှိသေးပြန်တော့ သူငယ်ချင်းဖြစ်သူ အာတန် အဆက်သွယ်နဲ့ မှုခင်းတွေအခင်းနေရာတွေမှာ ကျန်ခဲ့တဲ့သွေးတွေအသားစတွေ ရှင်းတဲ့အလုပ်ထဲဝင်လုပ်ရတယ်။
ကံဆိုးမသွားရာမိုးလိုက်လို့ရွာပဲဆို ရမလား ဆယ်ရာတစ်ယောက်သူသွားရှင်းတဲ့နေရာမှာ ပုန်းခိုနေတဲ့ စိတ်တ္တဇလူသတ်သမားနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့….
ဒီကားမှာပါတဲ့ စိတ်တ္တဇလူသတ်သမားကတော်တော်ကြမ်းပါတယ်။ သူ့အတွေးတွေကအစွန်းရောက်ပေမယ့် သူ့ဟာနဲ့သူမှန်နေပြန်ပါသေးတယ်။
အဲ့လိုလူနဲ့အပြင်မှာစကားပြိုင်ပြောရင်တောင်ခင်ဗျားတို့ယှဥ်နိုင်မယ်မထင်ဘူးဗျာ။
ဘုရားသခင် တနည်းအားဖြင့် Jesus Christ ကိုမယုံကြည်မှုအစွန်းရောက်သွားတဲ့ ဒီသွေးအေးအေးမျက်နှာပိုင်ရှင် လူသတ်သမားကြီးရဲ့ အခုတ်အဖြတ်တွေကို ထိတ်လန့်ကြောက်မက်ဖွယ်ခံစားရမှာပါ…
ဘာပဲဖြစ်ဖြစ် message လေးတစ်ခုတော့သေချာပေါက်ပေးစွမ်းနိုင်မယ့်ကားလို့ပြောချင်ပါတယ်….. Crd: Channel Myanmar
Related