Rating ကောင်းကောင်းလေး နဲ့ အင်္ဂလန် Action ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ တစ်ညမှာ နော်တင်ဟမ်မြို့မှာ အင်အားအကြီးဆုံး နိုင်ငံရေးသမား အာချီဘတ်က သူ့လုပ်ငန်းကအဖွဲ့ဝင်ဖြစ်တဲ့ နော်တင်ဟမ်မြို့တော်ဝန်ကို သတ်ပစ်လိုက်ပါတယ်။
အဲ့လိုသတ်တဲ့အချိန်မှာ သူတို့အနားမှာ အသံဖမ်းနားထောင်နေတဲ့ ဂျိတ်ထ်အဖေရှိနေခဲ့ပါတယ်။
သတ်ပြီးလိုက်တဲ့အချိန်မှာမှ သူရှိနေတာကိုသတိထားမိပါတယ်။ အဲ့တော့ သက်သေခံပစ္စည်းရဖို့နည်းမျိုးစုံနဲ့လိုက်ပါတယ်။
ဒါပေမယ့် လူကိုပဲတွေ့တယ် သက်သေခံပစ္စည်းကိုတော့မတွေ့ပါဘူး။
အာချီဘတ်လဲ သက်သေခံပစ္စည်းကိုနှစ်တွေအကြာကြီးလိုက်ရှာနေဆဲပါပဲ။
ဂျိတ်ထ်ရဲ့အဖေဟာ သူ့သမီးငယ်သေးတဲ့အတွက် သက်သေခံပစ္စည်းထားတဲ့နေရာရဲ့ သော့တစ်ချောင်းသာအပ်ခဲ့ပြီး အသက်ကြီးလာမှသွားယူဖို့ပြောခဲ့ပါတယ်။
အာချီဘတ်က သူ့လုပ်ငန်းမှာ အဆင်ပြေပြေလုပ်ကိုင်ဖို့ ဂျိတ်ထ် ရဲ့သူငယ်ချင်း အထူးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ ဂျိတ်ခ်ကိုကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမယ့် ဂျိတ်ခ်ဟာ အာချီဘတ် မကောင်းတာတွေလုပ်နေမှန်းသိလို့ ငြင်းပယ်လိုက်ပါတယ်။
တစ်နေ့အာချီဘတ်ဟာ သူ့လုပ်ငန်းကြောင့် သူ့ကလေးနှစ်ယောက်ကိုပြန်ပေးဆွဲတာခံရပါတယ်။
အာဏရှိနိုင်ငံရေးသမားပီပီ စစ်တပ်ရဲ့အကူအညီတောင်းပြီးအထူးတပ်ဖွဲ့ကို သူ့ကလေးနှစ်ယောက်ကိုပြန်ကယ်ခိုင်းခဲ့ပါတယ်။
ဂျိတ်ခ်ရဲ့သူငယ်ချင်းအမှားကြောင့် အာချီဘတ်ရဲ့သားဟာ ကယ်ဆယ်နေရင်းသေခဲ့ရပါတယ်။ အဲ့ဒါကြောင့်အာချီဘတ်လဲ မကျေနပ်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ ဂျိတ်ထ်လဲ သက်သေခံပစ္စည်းကိုနားထောင်မိပြီး ဂျိတ်ခ်ကိုပြောခဲ့ပါတယ်။
ဂျိတ်ခ်ကလဲသူ့သူငယ်ချင်းကိုကူညီဖို့ အာချီဘတ်ကို ရင်ဆိုင်တိုက်ခိုက်ပါတယ်။
အာချီဘတ်လဲ သူ့သားသေရတဲ့ကိစ္စကြောင့် ဂျိတ်ခ်ကို မကျေနပ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့အားပြိုင်မှုမှာတော့ဘယ်သူကအနိုင်ရသွားမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်…… Crd: Channel Myanmar
Related