ဒီကားလေးကတော့ Rating 5.2/10 ရထားတဲ့ ရိုမန်းတစ်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားချောလေး Avan Jogia နဲ့ မင်းသမီးလေး Eve Hewson ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Rebecca Addelman ပါ။
ဇာတ်လမ်းအကျဉ်းကတော့ သာမန်ရိုမန်းတစ်ဇာတ်ကားတွေနဲ့ မတူတဲ့တစ်ချက်ကတော့ ကြင်စဦးမှောင်နှံတစ်တွဲရဲ့အချစ်နဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလေးတွေကို ပုံဖော်ရိုက်ကူးထားဖြစ်ပါတယ်။ လက်ထပ်ပြီးခါစမှာတော့ အချစ်စိတ်မွှန်နေပြီး တစ်ယောက်အပေါ်တစ်ယောက်အပြစ်မမြင်ပဲ ချစ်ကြတာပေါ့။
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပြဿနာလေးတွေစုကာ ကတောက်ကစတွေဖြစ်လာကြပါတော့တယ်။ ဒီတော့ သူတို့ဒီအတိုင်းလက်လျော့ပြီး နောက်ပြန်ဆုတ်မလား။ ဒါမှမဟုတ် ပြဿာနာကို အတူတူဖြေရှင်းမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာ ကြည့်ရှုပေးပါနော်……Crd: Channel Myanmar
Related