ဒီတခါမှာတော့ ဘောလီဝုဒ်ဖန်တွေအတွက် IMDb 7.6/10 အထိရရှိထားတဲ့ ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး အတော်လေးကို ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲ။
နိုင်ငံရေးအရှုပ်အထွေး၊ နိုင်ငံတကာဖိအားတွေကြားက နျူကလီးယားစမ်းသပ်မှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာကို တင်ဆက်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်ဟာ အိန္ဒိယနိုင်ငံအတွက် အခက်ခဲဆုံးကာလတစ်ခုဖြစ်ခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုတွေ ကွဲပြိုခဲ့ပြီး အိန္ဒိယဘက်မှာမဟာမိတ်အနေနဲ့ မည်သည့်အင်အားကြီးနိုင်ငံမှ ရှိမနေခဲ့ပါဘူး။
ဒါပေမဲ့ ပါကစ္စတန်ကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေရဲ့ အကူညီရကာ စစ်ရေးအတောင့်တင်းဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ်။
အိန္ဒိယကို နိုင်ငံတကာသဘောတူညီစာချုပ်တွေမှာ လက်မှတ်ထိုးစေချင်ပြီး မည်သည့်အင်အားမှ မတိုးတက်လာအောင် အမေရိကန်၊ ပါကစ္စတန်နဲ့ နိုင်ငံအများစုက ဖိအားပေးနေပါတယ်။
အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်နိုင်ခဲ့ပေမယ့် အိန္ဒိယကတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။
ဒါကြောင့် ၁၉၉၅ မှာ အိန္ဒိယအနေနဲ့ ဖိုကာရန်ကွင်းမှာ နျူကလီးယားစမ်းသပ်မှုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန်၏ စောင့်ကြည့်နေမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။
၁၉၉၈ မှာတော့ အိန္ဒိအနေနဲ့ ဘယ်လိုဘယ်ပုံများ အောင်မြင်အောင် ကြိုးစားခဲ့သလဲဆိုတာကို …….Crd: Channel Myanmar
Related