ကာတွန်းကားလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ပေါ့ပေါ့ပါးပါးကာတွန်းကားလေးပါ။
Anya Taylor-Joyအပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Daniel Radcliffe, Adam Lambert နဲ့ Meghan Trainorတို့က
ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းလေးကတော့ မာလာဆိုတဲ့ ကောင်မလေးက ငယ်စဉ်ကသူ့မောင်လေးနဲ့အတူ ခရီးတွေထွက်ပြီး စွန့်စားခန်းတွေဖွင့်ချင်ခဲ့ပေမယ့် မိဘတွေသေဆုံးသွားတဲ့အတွက်ကြောင့် လက်တွေ့ဘဝထဲမှာပဲ ကျင်လည်နေရပါတယ်။
တစ်နေ့မှာတော့ အပြင်ထွက်သွားတဲ့ သူ့မောင်လေးနောက်လိုက်ရင်းနဲ့ သူတို့မောင်နှမ Playmobilကမ္ဘာထဲရောက်သွားပြီး ရုပ်လေးတွေဖြစ်သွားပါတယ်။
Vikingဖြစ်သွားတဲ့သူ့မောင်လေး ဖမ်းဆီးခံလိုက်ရတဲ့နောက်မှာတော့ မာလာတစ်ယောက် စွန့်စားခန်းတွေဖွင့်ရင်း လိုက်လံကယ်ဆယ်ရပါတော့တယ်။
ဇာတ်လမ်းက ခမ်းခမ်းနားနားကြီးမဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးပါ……Crd: Channel Myanmar
Related