ပိုဆန်ဟာ စိတ်ကူးထဲက တစ္ဆေတစ်ကောင်ပါ …… ပိုဆန်ဟာ လူလား ပင့်ကူလား မကွဲပြားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါ ………ပိုဆန်ကို သားရေအိတ်ထဲထည့်ပြီး သွားလေရာသယ်သွားရတဲ့ဝဋ်ကြွေးတစ်ခုကလဲ ကျွန်တော့်မှာ ရှိနေပါတယ် …..ပိုဆန်ကို ဘယ်လိုပဲ စွန့်ပစ်ခဲ့ စွန့်ပစ်ခဲ့ မနက်ဆို ပြန်ရောက်လာတတ်တဲ့ ရုပ်သေးရုပ်တစ္ဆေလေး တစ်ရုပ်ပေါ့ ………ပိုဆန်ဟာ ကျွန်တော့်ကို မကောင်းမှု အမှောင်ထုထဲမှာ နစ်မြုပ်အောင်လုပ်နေတယ် ……ပိုဆန်ကို ကျွန်တော်စွန့်ပစ်ချင်တယ် ….ပိုဆန်ကို ကျွန်တော်ဖျက်ဆီးပစ်ချင်တယ်….ပိုဆန်နဲ့ အဝေးကို ကျွန်တော်ပြေးထွက်ချင်တယ်……..ဒီဇာတ်လမ်းလေးထဲမှာ……ဖီးလစ်ဆိုတဲ့လူဟာ သွားလေရာမှာ အိတ်ကလေးတစ်လုံးကိုင်ပြီးစိတ်ဓာတ်ကျနေတဲ့မျက်နှာနဲ့ လူအများက ရွံ့ရှာတာကိုလည်းခံနေရတဲ့ သနားစဖွယ်လူတစ်ယောက်အကြောင်းကိုရိုက်ကူးပြထားတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်ကားကလည်း Horror ဆန်ဆန်….စိတ္တဇဆန်ဆန် ရသမျိုးကိုပေးစွမ်းပါလိမ့်မယ်…….Crd: Channel Myanmar
Related