အရမ်းမိုက်တဲ့ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ IMDb Rate 7.2 နဲ့အတူ နာမည်ကြီးမင်းသား ချောင်ယွမ်ဖတ်ကလည်းပါဝင်သရုပ်ဆောင်ထားပြီး ဂျင်းကားမဟုတ်တာတော့ 100 %ကျိန်းသေနေတာပါပဲ။
ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ နှစ်တွေက ချစ်သူ ၂ယောက် …အတူပန်းချီဆွဲကြတယ်။ ကောင်မလေး က လက်ရာမှာပါရမီပါတယ်၊ ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့် ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်။
ကံကြမ္မာလှည့်ကွက်တွေကြောင့်၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ်။
ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြုပန်းချီပညာရှင်တစ်ယောက်၊ ရဲစခန်းကဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကိုကောင်လေးကိုမေးတယ်။ ကောင်မလေးပါတော့မှပဲ ကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ်။
ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေအစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်။ ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီးစောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်…..Crd: Channel Myanmar
Related