Japan animationကားကိုကြိုက်တဲ့သူတွေအတွက်တင်ဆက်လိုက်ပါတယ်။
ဒီဇာတ်လမ်းကတော့ တိုကျိုမြို့ လူထုလုံခြုံရေးအဖွဲ့အစည်းတစ်ခုရဲ့
အမှုလိုက်ပုံတွေ ဖြေရှင်းပုံတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။
case 3ထိသုံးကားထွက်ပြီးတော့ တစ်ကားစီမှာမတူညီတဲ့အမှုတွေနဲ့ ဖြေရှင်းပုံတွေကိုကြည့်ရမှာပါ။
အခုcase 1ကတော့ တိုကျိုမြို့ပေါ်ကို တခြားနယ်မြေတစ်ခုမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ တရားခံတွေကို လေ့ကျင့်ပြန်လည်ထူထောင်ရေးလုပ်နေတဲ့ နေရာကတရားခံတစ်ယောက် ရောက်လာတာကနေစတင်ပါတယ်။
အဲဒီတရားခံကို တိုကျိုမြို့ရဲ့ အမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ကပြန်ပြီး သူ့နေရာကိုပို့ပေးရင်းနဲ့ အဲဒီနေရာရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ဖြစ်လာတဲ့အခါမှာ အဲဒီအကျဥ်းထောင်ကို ဦးစီးနေတဲ့သူကလည်း အထက်လူကြီးတစ်ယောက်ဖြစ်နေပြီး သူတို့ဝင်စွက်ဖက်ပိုင်ခွင့်မရှိတဲ့အခါ ဘယ်လိုအမှုကိုဖော်ထုတ်မလဲ ဖြေရှင်းမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်…..Crd: Channel Myanmar
Related