Psychokinesis ကိုးရီးယားရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီက ထွက်ရှိထားတဲ့ ဟာသအက်ရှင်ကားလေးဖြစ်ပါတယ်။
IMDb rating အနေနဲ့ 5.8/10 ရရှိထားပြီး ဇာတ်လမ်းကြာမြင့်ချိန် ၁နာရီ မိနစ်၄၀ရှိပါတယ်။
ဒီဇာတ်ကားကိုရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ နာမည်ကြီး Train to Busan ဇာတ်ကားကို အသက်သွင်းခဲ့တဲ့ Yeon Sang Ho ဖြစ်ပါတယ်၊။
ဇာတ်လိုက်မင်းသားကြီးနေရာမှာ တော့ဝါရင့် သရုပ်ဆောင် Ryun Seung Ryong မှပါဝင်ပေးထားပါတယ်။
မင်းသမီးကတော့Shim Eun Kyung ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ သာမန်အက်ရှင်ကားတွေလို တိုက်ခိုက်ခန်းတွေ မင်းသားနဲ့မင်းသမီးချစ်ကျွမ်းဝင်တာ စတာတွေကို ရိုက်ကူးထားတာမဟုတ်ပါဘူး…..
သဘာဝလွန်စွမ်းအားကို မတော်တဆရရှိသွားတဲ့ ဖခင်ဖြစ်သူက သမီးလေးကို ကာကွယ်ဖို့ကြိုးစားအားထုတ်ပုံ…..တစ်ခြားသူတွေကိုတက်နိုင်သလောက် ကူညီပေးပုံ စတာတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်….
ပိုစတာမှာပြထားသလို ကောင်းကင်ယံမှပျံဝဲနေတဲ့ လူကြီးတစ်ယောက်ဟာ ဘယ်လိုတွေအစွမ်းပြသွားမလဲဆိုတာ ပရိသတ်တွေကြည့်ရှုလိုက်ပါဦးနော်…….Credit: Channel Myanmar
Related