အိမ်ထောင်တစ်ခု သို့မဟုတ် RS တစ်ခုဖြစ်လာပြီ ရှိလာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အမှားတွေရှိမယ်..အမှန်တွေရှိမယ်…တစ်ခါတလေ အမှားလား အမှန်လား ခွဲခြားကြည့်လို့မရတဲ့ အရာလေးတွေရှိမယ်…ဒီဇာတ်ကားလေးထဲမှာ အက်ဂ်နစ်လို့ခေါ်တဲ့ ကလေးနှစ်ယောက်ရှိတဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဟာ ဘာသာတရားကိုင်းရှိုင်းပြီး တစ်နှစ်နေလို့မှ မြို့ထဲကနေ မြို့ပြင် သိပ်မထွက်ဖြစ်တဲ့ ခပ်အေးအေး အမျိုးသမီးတစ်ယောက်ပေါ့…။ တစ်နေ့တော့ သူ့ဘဝကို အလှည့်အပြောင်းတစ်ခုဖြစ်လာစေမယ့် ပစ္စည်းလေးတစ်ခု သူ့မွေးနေ့မှာ လက်ဆောင်အဖြစ်ရရှိခဲ့တယ်..။ ဂျစ်ဆောပဟေဋ္ဌိဆက်တဲ့ ပစ္စည်းလေးပေါ့…။ Relationship တစ်ခုဆိုတာ ဂျစ်ဆောပဟေဋ္ဌိလေးတွေဆက်သလို အပိုင်းအစအမှားလေးတွေ ဆက်မိတာရှိမယ် ….ဒါပေမယ့်နောက်ဆုံး မှန်ကန်တဲ့အပိုင်းအစလေးတွေ စနစ်တကျ နေရာမှန်ရောက်တော့မှ လှပတဲ့ရုပ်ပုံကားချပ်တစ်ခု ပေါ်လာတာမဟုတ်ပါလား….အက်ဂ်နစ်ကရော သူ့အိမ်ထောင်ရေးကို ဘယ်လိုအပိုင်းအစလေးတွေနဲ့ဆက်သွားမှာလဲ..ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦးလေ……Crd: Channel Myanmar
Related