ချမ်းသာပြီး လျို့ဝှတ်တက်တဲ့ မိသားစု တစ်ခု ရှိတယ်။ သူတို့ဟာ ဂိမ်းမင်းမျိုးဆက် လို့ ခေါ်ခံရပြီး ဂိမ်းကစားနည်းတွေကို ထုတ်လုပ်သူတွေဖြစ်ပါတယ်။
သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်လို စံအိမ်ကြီးမှာနေပြီး မျက်နှာတွေကတော့ တစ်ခုခုကို အလိုမကျတဲ့သူတွေလိုပေါ့။
အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ အဲလစ်ကတော့ တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို့ အိမ်ကိုခေါ်လာခဲ့ပါတော့တယ်။
ဒီမိသားစု အကြောင်း ဘာမှ မသိပဲ မောင့် တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာခဲ့တဲ့ ဂရေ့စ် ကတော့ ဒီမိသားစု နဲ့ အသားကျသွားဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားမယ်လို့ အဆုံးစွန်ထိ တွေးပြီးသားပါ။
အားလုံးအဆင်ပြေပြေ ဖြစ်ခဲ့ပါတယ်။ မင်္ဂလာဆောင်တဲ့ ညမှာပဲ ဒီမိသားစု ဟာ အစဉ်အလာ တစ်ခုကို ထိန်းသိမ်းထားပြီး ဂိမ်း တစ်ခုကို ကစားရမှာ ဖြစ်ပါတယ်။
မိသားစု ထဲ လူအသစ်ဝင်လာရင် ဒီမိသားစု နဲ့ ထိုက်တန်လား ဆိုတာ ဆုံးဖြတ်ကြဖို့ အတွက် သတို့သမီးက ပုန်းရမှာ ဖြစ်ပြီး မိသားစု များက လိုက်ရှာရမှာပါ။
ဒီလို တူတူပုန်းတမ်း ကစားနည်းကို ကစားဖို့ ပျော်ရွှင်နေတဲ့ သတို့သမီးလေး တစ်ယောက် ဒီညမှာ ဘယ်သူမှ မတွေ့အောင် ပုန်းနိုင်မလား ဒါမှ မဟုတ် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြရအောင်လား။
ထိတ်လန့်သည်းဖို ရုပ်ရှင်ကား အမျိုးအစားဖြစ်ပြီး အသဲငယ်သူများ ၊ အသက်မပြည့်သေးသူများ နှလုံးရောဂါရှင် နှင့် ကိုယ်ဝန်ဆောင်သည် များ ကြည့်ရှုရန် မသင့်တော်ပါ….. Crd: Channel Myanmar
Related