၂၀၁၉ ထွက် Science-Fiction, Adventure ဇာတ်ကားသစ်လေး Rim of the World နဲ့မိတ်ဆက်ပေးပါရစေ။
ဒီဇာတ်ကားလေးက IMDB Rating 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ လောကမှာ အရာတိုင်းကို ကြောက်နေတတ်လို့ အိမ်တွင်းအောင်းနေတဲ့ ဉာဏ်ကြီးရှင်လေး အဲလက် ကိုသူ့အမေက အပြောင်းအလဲ ဖြစ်အောင် နွေရာသီစခန်းတစ်ခုကိုသွားပို့ခဲ့ပါတယ်။
အဲဒီစခန်းမှာ အိမ်ပြေးကောင်မလေး ဇန်ဇန်၊ သူဌေးသား ငကြွားလေး ဒဲရီးရက်ရှ်နဲ့ လူငယ်ပြုပြင်ရေး စခန်းကနေ ထွက်ပြေးလာခဲ့တဲ့ ဂေဘရီရယ်တို့နဲ့ ဆုံတွေ့ခဲ့ပြီးသူ့ဘဝကိုအပြောင်းအလဲဖြစ်စေမယ့် အပြောင်းအလဲတွေနဲ့ကြုံတွေ့ခဲ့ပါတယ်။
ကမ္ဘာကြီးကို ဂြိုလ်သားတိုက်ခိုက်မှုတွေနဲ့ ကြုံနေစဉ်မှာ ကမ္ဘာကိုကယ်တင်ဖို့သော့ချက်ဖြစ်တဲ့ သော့တစ်ချောင်းကို သူတို့လေးယောက်ရခဲ့ပြီးတော့ ကမ္ဘာကိုဘယ်လိုကယ်တင်သွားလဲ ကြည့်ကြရမှာပါ။
မိသားစုအတူကြည့်ပျော်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်…. Crd: Channel Myanmar
Related