ဘယ်အရာမဆို တကယ်တမ်း လုံ့လဝိရိယရှိရှိနဲ့ ကြိုးစားရင် အောင်မြင်မှုဆိုတဲ့ အသီးအပွင့်ကို ခူးဆွတ်ရမှာပါ။
အခုတင်ဆက်မယ့်ကားလေးကတော့ မလေးရှား လက်ရွေးစင် ကြက်တောင်ရိုက်ကစားသမား လီချုံးဝေရဲ့ဘဝအကြောင်းဖြစ်ရပ်မှန်ဖြစ်စဉ်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ Rise Of the Legend ဇာတ်ကားပါ။ IMDb Rate 7.3 လည်းရရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ လီချုံးဝေဟာ ငယ်ငယ်လေးကတည်းက ကြက်တောင်ရိုက်တာ အရမ်းဝါသနာပါတဲ့လူငယ်လေးတစ်ယောက်။ ဒါပေမယ့်လည်း သူ့အဖေက လုံးဝသဘောမတူဘူး။
သူ့အဖေလုံးဝသဘောမတူပေမယ့်လည်း အခက်အခဲတွေကြားက လီချုံးဝေတစ်ယောက် ဘယ်လိုမျိုး ကြိုးစားခဲ့တာလဲ…လူ့ဘဝမှာကြုံရမယ့်အခက်အခဲတွေ…ဇာတ်ကားထဲမှာမှ မဟုတ်ပါဘူး အပြင်မှာလည်း ကြိုးစားဆဲကြုံတွေ့ရတဲ့အခက်အခဲလေးတွေရှိတာပါပဲ..
ဒါတွေကိုဘယ်လိုကျော်ဖြတ်လဲ။ အောင်နိုင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းတွေ ဒွန်တွဲနေတဲ့လောကနိယာမအတိုင်း ရှုံးနိမ့်ခြင်းတွေကြားမှာဇွဲမလျော့ပဲ ဘယ်လိုကြိုးစားခဲ့လဲဆိုတာ ကိုယ်တိုင်သာခံစားကြည့်ရှုပါ….Crd: Channel Myanmar
Related