မင်းသားကြီး Nicolas Cage, Laurence Fishburne တို့ပါဝင်ထားတဲ့ 2019 နှစ်ထွက် Action/Drama ကားလေးဖြစ်ပါတယ်။
ကိုကင်းထုတ်လုပ်ရောင်းချတဲ့ဈေးကွက်တွင်းပြဿနာကိုအခြေခံပြီး အဓိကအားဖြင့် ကိုကင်းသယ်ယူပုံအဆင့်ဆင့်ကိုနောက်ခံထားပြီးဇာတ်အိမ်တည်ထားပါတယ်။
မူးယစ်ဆေးနဲ့ပတ်သက်ပြီးအမေရိကန်ဇာတ်ကားတွေကြည့်သူတွေအတွက်တော့ အမေရိကန်ကမူးယစ်ဆေးပြဿနာတွေဟာ
မက္ကဆီကိုနိုင်ငံ…ကိုလံဘီယာလိုနိုင်ငံတွေနဲ့တော်တော်လေးဆက်နွယ်နေတာကိုသိထားကြမှာပါ။
ဒီဇာတ်ကားလေးမှာလည်း ကိုလံဘီယာကနေ အမေရိကန်နိုင်ငံတွင်းအထိ ဘယ်လိုအဆင့်ဆင့်သယ်သွားတယ်….ကိုကင်းတစ်ကီလိုရဲ့
တန်ကြေးဟာ ဘယ်လိုအဆင့်ဆင့်တက်သွားတယ်…အမေရိကန်နိုင်ငံတွင်း မူးယစ်ပြဿနာဟာဘယ်လောက်ထိကျယ်ပြန့်တယ်ဆိုတာတွေ့ရမှာပါ။
Nicolas Cage နဲ့ Laurence Fishburne ကတော့ဒီဇာတ်ကားမှာအဓိကပါဝင်ထားပြီး ဇာတ်ရုပ်ကိုသေချာပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ကြမ်းတမ်းတဲ့အခန်းတွေ လိင်ကိစ္စအခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။
မူးယစ်ဇာတ်ကားမျိုးကိုမှစိတ်ဝင်စားစရာကောင်းတာမျိုးကြည့်လိုသူတွေအတွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်….Crd: Channel Myanmar
Related