2010 မှာ ထွက်ခဲ့တဲ့ Action, Mystery, Thriller ကားလေးပဲဖြစ်ပါတယ်။
မင်းသမီးကတော့ ပရိတ်သတ် အချစ်တော် အချောစား အလန်းစား Angelina Jolie ဖြစ်ပြီး IMDB 6.4/10 ရရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အယ်ဗလင်းဆော့တ်က အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အရည်အချင်းကို အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့သူတစ်ယောက်ပါ။
သူမ မြောက်ကိုရီးယား မှာ အဖမ်းခံရတုန်းက လာကယ်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်လူမျိုး ပင့်ကူမုဆိုး မိုက်ခ်နဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ် ခဲ့ပါတယ်။
တစ်နေ့မှာတော့ သူတို့ဆီကို ရရှားတစ်ယောက်ရောက်လာပြီး ဆော့တ်ဟာ ရုရှားသူလျှိုတစ်ယောက်ဖြစ်ကြောင်း ပြောသွားတဲ့အခါမှာတော့ဆော့တ်တစ်ယောက် ထွက်ပြေးရတော့ပါတယ်။
မိုက်ခ်လည်း ပျောက်နေပါပြီ။ သူ တကယ်ရရှားသူလျှိုဟုတ်မဟုတ် မိုက်ခ်နဲ့ပြန်ဆုံမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။
၂၀၁၀ မှာထွက်ရှိထားတဲ့ ဇာတ်လမ်းကောင်းလေးမို့ ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်……Credit: Channel Myanmar
Related