Saving Mr. Banks ဇာတ်လမ်းကို ၁၉၆၄ ခုနှစ်က Walt Disney Pictures က ထုတ်လုပ်ခဲ့တဲ့ Merry Poppins ဆိုတဲ့ အရမ်းအောင်မြင်တဲ့ ရုပ်ရှင်ကား ရိုက်ကူးတဲ့အပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ Walt Disney ရဲ့ သမီးနှစ်ယောက်က စာရေးဆရာမ P.L Travers ရေးတဲ့ Merry Poppins ဆိုတဲ့ ဇာတ်လမ်းလေးကို အရမ်းကြိုက်တဲ့အတွက် ကြောင့် ရုပ်ရှင်ရိုက်ပေးဖို့ Walt Disney က ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Merry Poppins ကို ရုပ်ရှင်ရိုက်ခွင့်ကို P.L Travers က ငြင်းဆန် နေခဲ့ပါတယ်။ နှစ် ၂၀ လောက်ကြာတဲ့အခါမှ ငွေကြေးအခက်ခဲတွေ ကြောင့် ဇီဇာကြောင်တတ်တဲ့ အင်္ဂလိပ် အဖွားကြီး Travers တစ်ယောက် Walt Disney ရဲ့ ကမ်းလမ်းမှုကိုလက်ခံပြီး Walt Disney Studio ရှိတဲ့ Hollywood ကို ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လဲ အရာရာဟာ Disney တစ်ယောက် တွေးထားသလို မလွယ်ကူခဲ့ပဲ Merry Poppins ဆိုတဲ့ ရာဇဝင် တွင်မဲ့ Musical ကားတစ်ကားဖြစ်လာအောင် Disney Legend တွေဖြစ်တဲ့ Walt Disney, Sharman Brothers တို့ဟာ တစ်ယူသန်သန်၊ ဇီဇာကြောင် ကြောင် P.L Travers စိတ်ကြိုက်ဖြစ်လာအောင် ခက်ခက်ခဲခဲ ရုန်းကန် ကြိုးစားကြပုံကို ဇာတ်လမ်းဆင်ထားခြင်းဖြစ်ပါတယ်။ Walt Disney နေရာမှာ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထား ပြီး P.L Travers နေရာမှာလည်း အော်စကာနှစ်ဆုရှင် အင်္ဂလိပ်မင်းသမီး ကြီး Emma Thompson ကသရုပ်ဆောင်ထားပါတယ်။ P.L Travers ရဲ့ အဖေနေရာမှာတော့ Colin Farrell က သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ Saving Mr. Banks ကို the Blind Side, Snow White and the Huntsman စတဲ့ကားတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ John Lee Hancock ကရိုက်ကူးထားတာ ဖြစ်ပါတယ်။ Disney က Disney အကြောင်း ရိုက်ထားတာဖြစ်တဲ့အတွက် American Film Industry ရဲ့ အရေးအပါဆုံးအဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ထားတဲ့ ကား ဖြစ်ပေမယ့် သမိုင်းကြောင်းမှန်ကန်မှု မရှိသော်လည်း Disney ရဲ့အငွေ့အသက်တွေ အများကြီးခံစားရမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ***Spoiler Alert*** ဒီဇာတ်လမ်းထဲမှာ P.L Travers ဟာ မသက်သာတဲ့အဆုံး Walt Disney Studio ကိုရောက်လာခဲ့ပေမယ့် Merry Poppins ရဲ့ ရုပ်ရှင်ရိုက်ခွင့် တွေကို Walt Disney ထံသို့ အလွယ်တကူ မလွှဲပေးခဲ့ပါဘူး။ သူကိုယ်တိုင် ဖန်းတီး ထားတဲ့ Character တွေကို Walt Disney က ပေါ့တီးပေါ့ဆ animations တွေ musical တွေနဲ့ ဖျက်ဆီးပစ်မှာကို စိုးရိမ်တဲ့စိတ်နဲ့ပါ။ Merry Poppins ဝတ္ထုဟာလည်း အမှန်တစ်ကယ်တော့ P.L Travers ရဲ့ ကလေးဘဝက မိသားစုအတွေ့အကြုံတွေကို စိတ်ကူးနဲ့ ပြန်လည် ဖန်းတီးထားတာဖြစ်တဲ့ အတွက် လက်ရှိဖြစ်နေတဲ့ P.L Travers တစ်ယောက် Disney နဲ့ အလုပ်လုပ် နေတာကို ပြလိုက် P.L Travers ရဲ့ ငယ်ဘဝကို ပြလိုက်နဲ့ Saving Mr. Banks ကို ရိုက်ကူးထားပါတယ်။ P.L Travers ရဲ့ အဖေက Travers Robert Goff ဖြစ်ပြီးတော့ သူတို့ သားအဖနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပါတယ်။ Goff ဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ပေမဲ့လည်း အရက်စွဲနေတဲ့ ရောဂါ ရပြီးတော့ နောက်ဆုံး အဲ့ရောဂါနဲ့ပဲဆုံးပါတယ်။ P.L Travers ဟာ သူ့ရဲ့ Merry Poppins ဝတ္ထုထဲမှာ သူ့အဖေကို Mr. Banks အနေနဲ့ပြီးတော့ သူ့ အဖေ နေမကောင်းဖြစ်စဉ် အိမ်မှာလာကူပေးတဲ့ အဒေါ်ကို Merry Poppins အနေနဲ့ စိတ်ကူးယဉ်ရေးဖွဲ့ထားတာဖြစ်ပါတယ်။ သူ့အတွက် အရမ်း personal ဖြစ်တဲ့ ဝတ္ထုကို Disney ကဖျက်ဆီးလိုက်မှာ ကို စိုးရိမ်စိတ်အရမ်းကြီးတဲ့ P.L Travers ကို Disney တို့က ကြိုးစား ဖျောင့်ဖျရပုံကို Drama, Comedy အနေနဲ့ ခံစားရမှာဖြစ်ပါတယ်။ Tom Hanks, Emma Thompson, Collin Farrell, Director John Lee Hancock နဲ့ Disney Pictures တို့ လက်တွဲထားတဲ့ ဇာတ်ကားမို့ ပြောစ ရာမရှိပါဘူး။ Emma Thompson က Travers ကို သရုပ်ဖော်တဲ့ နေရာမှာ တစ်ခါတစ်ရံ နည်းနည်းလေး ပိုနေတယ်လို့တော့ ခံစားရပါတယ်။ ဒီရုပ်ရှင်ကို မကြိုက်တဲ့အချက်တွေက ရုပ်ရှင်ပြီးလို့ wiki မှတက်ခေါက်ကြည့် မှ တစ်ခုပြီးတစ်ခုပေါ်လာပါတယ်။ ရုပ်ရှင်ထဲမှာ Disney ကို Travers ဆီက Screen rights ရဖို့အတွက် အရမ်းကို နားလည်ပေးရပြီး Travers လုပ်သမျှ အနိုင်ကျင့်ခံနေရတဲ့၊ Travers စိတ်ပြောင်းလာအောင် အရမ်းကို ကြိုးစားခဲ့ ရတဲ့ Producer တစ်ယောက်အဖြစ် ပုံဖော်ထားပါတယ်။ အမှန်တစ်ကယ်ကတော့ Travers တစ်ယောက် Disney Studio ကိုရောက်လာတဲ့အခါမှာ Rights တွေကို Disney ထံသို့ လွှဲပြောင်းပေးပြီးသားဖြစ်တဲ့အပြင် Travers Hollywood မှာ ရှိနေချိန်မှာ Disney က အပန်းဖြေခရီးထွက်နေတာလို့ သိရပါတယ်။ ရုပ်ရှင်ထဲမှာ Travers ဟာ Disney လုပ်ချင်တဲ့ musical တွေ animation တွေကို တစ်ဖြည်းဖြည်းလက်ခံလာတဲ့အပြင် နောက်ဆုံး ရုပ်ရှင် သွားကြည့်တဲ့အခါ ကြိုက်လွန်းလို့ မျက်ရည်တွေတောင်ကျလာတာကို ပြထားပေမယ့် အပြင်မှာတစ်ကယ်ဖြစ်ခဲ့တာကတော့ Travers ဟာ သူ့ ဝတ္ထုကို Disney က လုပ်ချင်ရာလုပ်နေတာကို ဘယ်တော့မှ သဘောမတူ ခဲ့ပါဘူးတဲ့။ ဒီ့ထက်ပိုဆိုးတာက Merry Poppins ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ လုံးဝမကြိုက်လို့ သူ့ရဲ့ သေတမ်းစာမှာတောင် သူရဲ့ ဘယ်ဝတ္ထုကိုမှ ဘယ် အမေရိကန် ရုပ်ရှင်စတူဒီယိုကိုမှ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ပုံဖော်ခွင့် ဘယ် တော့မှ မပေးရဘူးလို့ ရေးသားခဲ့တဲ့ အထိဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ပါတဲ့ Disney ကိုယ်တိုင် Travers ရဲ့အိမ်ကိုလိုက်သွားပြီး ဖျောင့်ဖျတဲ့အခန်း တွေဟာ လည်း စိတ်ကူးယဉ်သက်သက်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့ Disney Pictures ကထုတ်တဲ့ Disney အကြောင်း တစ်စေ့ တစ်စောင်းပါတဲ့ Saving Mr. Banks ရုပ်ရှင်ဟာ စိတ်ဝင်စားဖို့ကောင်းပေမယ့်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကောင်းပေမယ့် သမိုင်းကိုပြင်ဖို့ ကြိုးစားထားတဲ့ Disney Lobby ဇာတ်ကားတစ်ကားသာ ဖြစ်ကြောင်းတင်ပြလိုက်ရ ပါတယ်။ ***Ratings*** Datshin Rating – 3.0/5.0 IMDB Rating – 7.5/10 Rotten Tomatoes – 79% (ဇာတ်လမ်းအညွှန်းကို Channel Myanmar မှကူးယူဖေါ်ပြပါသည်)